Follow Us

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၆/၂၀၂၀) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

Thu, 08/13/2020 - 23:13

ထားဝယ် ဩဂုတ် ၁၃

          ယနေ့ ၁၄၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၆/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး  ဦးမြင့်စန်း က တိုင်းဒေသကြီးလယ်ယာမြေ နှင့်ပတ်သက်သည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ဦးမြင့်သိန်း က တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ လျှောက်ထားသည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသော ကော်မတီဝင်အသီးသီး က ဆွေးနွေးတင်ပြခဲ့ပြီး ၁၆၄၀ နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။