Follow Us

တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၆/၂၀၂၀) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

Thu, 08/13/2020 - 20:07

ထားဝယ် ဩဂုတ် ၁၃

          ယနေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၆/၂၀၂၀) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး  ဦးမြင့်စန်း က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့် ပတ်သက်သည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ဦးမြင့်သိန်း က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားသည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအားဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသော ကော်မတီဝင်အသီးသီး က ဆွေးနွေးတင်ပြခဲ့ပြီး ၁၂၄၀ နာရီအချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။