Follow Us

ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Thu, 10/13/2016 - 13:14

Vertical Tabs

About Topic

ရည်မှန်းချက်များ
(၁) ပညာရေးလောကသစ်တည်ဆောက်ရာတွင် ယုံကြည်ချက်မှန်ကန်၍ ခံယူချက် ပြည့်ဝကာ   တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်မည့် ဆရာကောင်းများ ပေါ်ထွန်းလာရေးအတွက်ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်။
(၂) မြန်မာလူ့ဘောင်နှင့်လိုက်လျောညီထွေပြုမူပြောဆိုုနေထိုင်တတ်ပြီး ဆရာဟူသောဂုဏ်သိက္ခာနှင့် ပြည့်စုံသည့်
ဆရာမွန်များ ပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်။
(၃) သင်ပြပို့ချရမည့် ဘာသာရပ်များကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သည့်
ဆရာများပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်။
(၄) ပညာရေးသဘောတရားများနှင့်သင်ပြနည်းများကို ကျွမ်းကျင်တတ်မြောက်ကာတပည့်များအား
ကျောင်း၊ အိမ်၊ ရပ်ရွာ၊ ဒေသ၊ ပတ်ဝန်ကျင်အခြေအနေတို့နှင့်ဆက်စပ်၍ ထိထိရောက်ရောက်သင်ပြနိုင်သော
ဆရာများပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင် လေ့ကျင့်ပေးရန်။
(၅) မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်ဘက်စုံပညာရေးလုပ်ငန်းများတွင်
ကိုယ်တိုင်ဦးဆောင်နိုင်ပြီး အစဉ်လေ့လာသင်ယူနေသော ပညာအဖွဲ့အစည်းဖြင့် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်။
(၆) ပညာရေးလောကတွင် တာဝန်ယူနေကြရသော ဆရာ၊ဆရာမများ၏ပညာဗဟုသုတတိုးပွားရင့်သန်ရေးအတွက်
လည်းကောင်း၊သင်နည်းများပိုမိုကောင်းမွန်စေရေးအတွက်လည်းကောင်း၊ လုပ်ငန်းများကျွမ်းကျင်စွာ
ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း ကြံဆတီထွင်စမ်းသပ်ရန်။

လုပ်ငန်းတာဝန်များ
(၁)  ကျောင်းခေါ်ချိန်မှတ်တမ်းထားရှိခြင်း
(၂)  စည်းကမ်းထိန်းသိမ်းမှုမှတ်တမ်းထားရှိခြင်း
(၃)  တာဝန်ကျသင်တန်းသား၊သင်တန်းသူများမှတ်တမ်းထားရှိခြင်း
(၄)  ခွင့်မှတ်တမ်းထားရှိခြင်း
(၅)  ဘာသာရပ်အလိုက်သင်ကြားမှုတွင်အုပ်စုဖွဲ့ဆွေးနွေးစေပြီးမှတ်တမ်းထားရှိခြင်း
(၆)  သင်တန်းသားအုပ်စုတစ်ဖွဲ့စီ၏အကြံပြုချက်၊ဆွေးနွေးချက်များကိုတင်ပြစေခြင်း
(၇)  ဆွေးနွေးချက်များအပေါ်ဆရာကဖြည့်စွက်ဆွေးနွေးခြင်း
(၈)  သင်တန်းဆုံးစာမေးပွဲစစ်ဆေးဆောင်ရွက်ခြင်းအခြေအနေ
(၉)  သင်ခန်းစာပြီးစီးအောင်သင်ကြားခြင်း၊ပြီးစီးမှုရှိ၊မရှိ စိစစ်ခြင်း
(၁၀) သင်ကြားပြီးမှုမရှိပါကအချိန်ပိုသတ်မှတ်၍သင်ကြားစေခြင်း
(၁၁) စာမေးပွဲစီမံချက်များရေးဆွဲခြင်း
(၁၂)  စာမေးပွဲအဖွဲ့ဖွဲ့စည်း၍ဆောင်ရွက်ခြင်း
(၁၃) Night Study သွင်း၍စာဖတ်စေခြင်း၊ဆရာ/မများအလှည့်ကျကြီးကြပ်ခြင်း၊စနစ်တကျဆောင်ရွက်ခြင်း
(၁၄) မေးခွန်းလှိမ့်ပွားခြင်းနှင့်စစ်ဆေးအကဲဖြတ်ခြင်း
(၁၅) စနစ်တကျဆောင်ရွက်ခြင်း
(၁၆) Code 
စနစ်ဖြင့်စစ်ဆေးခြင်း ဌာနမှူး(စာပေ+လေ့ကျင့်)ကထပ်မံစစ်ဆေးခြင်း
(၁၇)စာမေးပွဲပြီးဆုံးပါကအစီရင်ခံစာပေးပို့ခြင်း

Office Address and Location Map
Location Map: