Follow Us

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

Thu, 10/13/2016 - 12:56

Vertical Tabs

About Topic

ဦးစီးဌာန၏လုပ်ငန်းတာဝန်များ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏လုပ်ငန်းတာဝန်များမှာ-
(၁) နိုင်ငံပိုင်စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ မွေးမြူးရေးအဖွဲ့အစည်းများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိကများ၊ ကျေးရွာဘဏ်များ၊ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအား လိုအပ်သောစည်းကမ်းချက်များကို သတ်မှတ်၍ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်ချေးငွေများထုတ်ပေးခြင်း၊
(၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုအခြေခံ၍ အပ်ငွေများလက်ခံခြင်း၊ အာမခံနှင့်ဖြစ်စေ၊ အာမခံမဲ့ဖြစ်စေ ချေးငွေများထုတ်ပေးခြင်းနှင့် ကြိုတင်ထုတ်ပေးခြင်း (သို့မဟုတ်) အပ်ငွေထက်ပို၍ ငွေထုတ်ခွင့်ပြုခြင်း၊ 
(၃) ကျေးရွာဘဏ်များကို ဖွဲ့စည်းခြင်း၊ အသိမှတ်ပြုခြင်းနှင့် ကြီးကြပ်ခြင်း၊ ကျေးရွာဘဏ်များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
(၄) ငွေလွှဲလက်မှတ်များ၊ ကြေးနန်းငွေလွှဲစာများ၊ ငွေပေးအမိန့်လက်မှတ်များနှင့် အခြားငွေလွှဲစာများကို ထုတ်ပေးခြင်း၊ ဝယ်ယူခြင်း၊ 
(၅) ဘဏ်၏လုပ်ငန်းများကို ဆောင်ရွက်ရန် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပမှဖြစ်စေ ငွေချေးယူခြင်း၊ 
(၆) ဘဏ်၏လုပ်ငန်းကို ပိုမိုချောမွေ့စေမည့်ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊ ထိုလုပ်ငန်းနှင့် ဆက်စပ်နေသော (သို့မဟုတ်) ထိုလုပ်ငန်းကို အထောက်အကူပြုသော စီမံခန့်ခွဲမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ အကြံဉာဏ်များ ပေးခြင်းနှင့် ရယူခြင်း၊
(၇) ဝန်ကြီးဌာနက သဘောတူညီသော လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

ဦးစီးဌာန၏လုပ်ငန်း/ အကြောင်းအရာအလိုက်ဆောင်ရွက်လျှက်ရှိသည့်လုပ်ထုံးလုပ်နည်းများ
(၁) နှစ်စဉ်သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေထုတ်ချေးခြင်း/ ကောက်ခံခြင်းလုပ်ငန်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တနင်္သာရီတိုင်းဒေသကြီးဘဏ်ခွဲအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀) မြို့နယ်၏ တောင်သူ လယ်သမားများသို့ မြို့နယ်ဘဏ်ခွဲ(၆)ခုမှ နှစ်စဉ်သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေများ ထုတ်ချေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။
    (က) မိုးရာသီ(စပါး)သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေ မိုး(စပါး)သီးနှံစိုက်ပျိုးချိန် မေလမှ စက်တင်ဘာလအတွင်း ထုတ်ချေးပေးလျှက်ရှိပြီး ၎င်းချေးငွေများအား သီးနှံပေါ်ထွက်လာချိန်တွင် ချေးငွေနှင့်အတူ ကျသင့်အတိုးများကို ပြန်လည်ပေးဆပ်စေပြီး နောက်နှစ် ဧပြီလ(၁၅)ရက်နေ့ နောက်ဆုံးသတ်မှတ်ထားရှိပါသည်။
    (ခ ) ဆောင်းရာသီ(စပါး) သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေ ဆောင်း(စပါး)သီးနှံစိုက်ပျိုးချိန် အောက်တိုဘာလမှ နောက်နှစ် ဇန်နဝါရီလအတွင်း ထုတ်ချေးပေးလျှက်ရှိပြီး ၎င်းချေးငွေများအား သီးနှံပေါ်ထွက်လာချိန်တွင် ချေးငွေနှင့်အတူ ကျသင့်အတိုးများကို ပြန်လည်ပေးဆပ်စေပြီး နောက်နှစ်ဇွန်လ (၃၀)ရက်နေ့နောက်ဆုံး သတ်မှတ်ထားရှိပါသည်။
    (ဂ ) ချေးငွေထုတ်ချေးခြင်း၊ ပေးဆပ်ခြင်း စည်းကမ်းချက် လုပ်ထုံးလုပ်နည်းများ တောင်သူလယ်သမားတစ်ဦးချင်းအတွက် ငွေချေးစည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 
       (၁) ဘဏ်တွင်ငွေစုစာရင်းဖွင့်ထားပြီးသူဖြစ်ရမည်၊
       (၂) အချိန်စေ့ရောက်သော နှစ်စဉ်ချေးငွေ၏ အရင်း၊ အတိုးများ ပြေကျေရမည်၊
       (၃) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ- ၇) ရပြီးသူဖြစ်ရမည်၊ 
       (၄) ဆန္ဒအရပါဝင်သော တောင်သူလယ်သမား (၃) ဦးပါဝင်သည့် အဖွဲ့ဖြင့် ထုတ်ချေးရမည်၊
       (၅) သီးနှံ(၁၀)ဧကအထိသာ ချေးငွေထုတ်ချေးပေးရမည်၊
       (၆) ချေးငွေကို သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲသို့ ကိုယ်တိုင်လာရောက်ချေးယူ/ပေးဆပ်ရမည်၊
       (၇) ချေးငွေပြေကျေရန်အတွက် ကိုယ်စီကိုယ်ငှဖြစ်စေ၊ တွဲဖက်၍ဖြစ်စေ တာဝန်ယူရမည်၊ 
       (၈) ငွေချေးယူသူသည် ချေးငွေကို သီးနှံပေါ်ချိန်တွင် အတိုးနှင့်တကွ မြို့နယ်ဘဏ်ခွဲသို့ အချိန်မီ ပြန်လည်ပေးဆပ်ရမည်၊
(၂) ကျေးလက်ငွေစုဆောင်းရေးလုပ်ထုံးလုပ်နည်းများ
    (က) ငွေစုစာရင်းကို တစ်ဦးတည်းသော်လည်းကောင်း၊ ပူးတွဲ၍လည်းကောင်း စာရင်းဖွင့်စုဆောင်းနိုင်ပါသည်၊
    (ခ ) အနည်းဆုံးစာရင်းဖွင့်စုငွေမှာကျပ်(၃၀၀၀/-) ဖြစ်ပါသည်၊
    (ဂ ) စုငွေထုတ်ယူလိုသည့်အခါ ပြန်လည်ထုတ်ယူနိုင်ပါသည်၊
    (ဃ) စုငွေအပေါ်ငွေကျပ်(၁၀၀)လျှင် တစ်နှစ်(၈%) အတိုးပေးပါသည်၊

Office Address and Location Map
Location Map: