Follow Us

အခြေခံပညာဦးစီးဌာန၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Thu, 10/13/2016 - 12:02

Vertical Tabs

About Topic

အခြေခံပညာရေးဦးစီးဌာန၏ရည်မှန်းချက်များ
(က) နိုင်ငံသားတိုင်းအခြေခံပညာပြီးဆုံးသည်အထိသင်ယူတတ်မြောက်ရန်၊
(ခ ) အခြေခံပညာအဆင့်အလိုက်တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံသား ကောင်းများဖြစ်ရန်၊
(ဂ ) ပြည်သူ့နီတိနှင့်ဒီမိုကရေစီကျင့်စဉ်နှင့်လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာတတ်သည့် နိုင်ငံသား ကောင်းများဖြစ်ရန်၊
(ဃ) ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ယဉ်ကျေးမှု၊အနုပညာ၊ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်တို့ကိုတန်ဖိုးထား၍ထိန်းသိမ်းမြှင့်တင်နိုင်ပြီးယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသား များဖြစ်ရန်၊
(င ) သဘာဝပတ်ဝန်းကျင်ကိုမြတ်နိုးကာကွယ်ထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် မှုကိုဖော်ဆောင်နိုင်သောနိုင်ငံသားများဖြစ်ရန်၊
(စ ) နိုင်ငံတကာအဆင့်မီပညာရပ်ဆို်င်ရာပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် နှင့်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကိုထိရောက်စွာအသုံးပြုခြင်းဖြင့်သင်ကြားရေး၊သင်ယူရေးအရည်အသွေးမြင့်မားရန်၊
(ဆ) အားကစားနှင့်ကာယပညာလုပ်ငန်းများ၊ကျောင်းကျန်းမာရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ပြီး အားကစားစိတ်ဓာတ် ဖွံ့ဖြိုးလာရန်၊
(ဇ ) သက်မွေးဝမ်းကျောင်းပညာရေး နှင့် အဆင့်မြင့်ပညာရေးအတွက် အခြေခံ ကောင်းများရရှိရန်၊
(စျ) လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ မတူကွဲပြားမှုများအား နားလည်လက်ခံ၍ တန်းတူညီမျှမှုကို တန်ဖိုးထား လေးစားပြီး ငြိမ်းချမ်းရေး အခြေခံအသိများနှင့်အညီ လက်တွေ့ကျင့်သုံးနေထိုင်တတ်သည့် ကမ္ဘာ့နိုင်ငံ သားများဖြစ်ရန်၊
(ည) မြန်မာနိုင်ငံသားတစ်ဦးအဖြစ်မြတ်နိုးဂုဏ်ယူတတ်ရန်။

အခြေခံပညာရေးဆိုင်ရာလုပ်ငန်းတာဝန်များ
(က) နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်များ၊ မူများနှင့်ကိုက်ညီသည့် အောက်ပါပညာရေးလုပ်ငန်းများကို ဆောင်ရွက်ရန်-
    (၁ ) အခြေခံပညာရေးကို နည်းပညာများ နှင့် သက်မွေးပညာရေး၊ ဆရာ အတတ်ပညာရေး၊ အဆင့်မြင့်ပညာရေးတို့နှင့် ဆက်စပ် မှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
    (၂ ) ကျောင်းအခြေပြု မူကြိုပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင်သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
    (၃ ) ဘုန်းတော်ကြီးသင်ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ နှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
    (၄ ) အထူးပညာရေးအစီအစဉ်နှင့် အထူးပညာရေးအကျုံးဝင်ကျောင်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
    (၅ ) ကျောင်းပြင်ပ ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
    (၆ ) ရွေ့လျားနှင့် အရေးပေါ်ယာယီကျောင်းများကို ပညာရေးအထူး ဝန်ဆောင်မှုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
    (၇ ) အခြေခံပညာရေး၏ အဆင့်တိုင်းအတွက် အမျိုးသားပညာရေးသင်ရိုး ညွှန်းတမ်းအညွှန်းဘောင်နှင့် သင်ရိုးညွှန်းတမ်း စံများကို အတည်ပြုပေးခြင်း၊
    (၈ ) ကျောင်းသုံးစာအုပ်များကိုစိစစ်အတည်ပြုပြဌာန်းပေးခြင်း၊
    (၉ ) ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိအောင် ပြည်သူလူထုပူးပေါင်းပါဝင်မှုကိုမြှင့်တင်ခြင်း၊
    (၁၀) အခမဲ့မသင်မနေရ မူလတန်းပညာရေးကို အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်ခြင်း၊
    (၁၁) အလုပ်ခွင်သို့ ဝင်ရောက်မည့် ဆရာများ၏ ပညာအရည်အချင်းကို သတ်မှတ်ခြင်း၊
    (၁၂) အခြေခံပညာအဆင့်အလိုက်သင်ပြမည့် ဆရာများအတွက် ဆရာအတတ်ပညာဆိုင်ရာဘွဲ့၊ ဒီပလိုမာ၊ လက်မှတ်ရရှိရေးနှင့် လုပ်ငန်းခွင်ရှိ ဆရာများ၏အရည်အချင်းကို စဉ်ဆက်မပြတ် မြှင့်တင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
    (၁၃) ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပညာရေးဆိုင်ရာလုပ်ငန်းများကို လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ခြင်း၊
(ခ ) အခြေခံပညာကဏ္ဍတစ်ရပ်လုံးနှင့် စပ်လျဉ်းသော ဆောင်ရွက်ချက်များသည် ဤဥပဒေအခန်း(၃)ပါ အခြေခံပညာရေးအခြေခံမူများ၊ ပုဒ်မ၁၀(က)ပါလမ်းညွှန်မှုများနှင့်ကိုက်ညီခြင်းရှိမရှိ၊နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးတွင် ထိရောက်စွာအကျိုးပြုခြင်းရှိမရှိတို့ကိုသုံးသပ်စစ်ဆေးပြုပြင်ပေးရန်၊
(ဂ ) အစိုးရအဖွဲ့နှင့် အမျိုးသားပညာရေးကော်မရှင်က တာဝန်ပေးအပ်လာသော အခြေခံပညာရေးနှင့်ဆိုင်သည့်ကိစ္စများကို စဉ်းစားဆွေးနွေးရန်နှင့် သဘောထားတင်ပြရန်၊
(ဃ) နိုင်ငံတော်ပညာရေးရည်မှန်းချက်အောင်မြင်စေရန်အတွက်ကျောင်းများတိုးချဲ့ ဖွင့်လှစ်ခြင်းနှင့်အတူ လိုအပ်ဆရာများ ရှိလာပါက ပုတ်ပြတ် သို့မဟုတ် ကန်ထရိုက်စနစ်ဖြင့်ငှားရမ်းခန့်ထားရန်၊ ဝန်ကြီးဌာနသည် အောက်ဖော်ပြပါလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များအား တာဝန်ပေး ဆောင်ရွက်ရမည်-
    (က) အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့်ကျောင်းသုံးစာအုပ်များရေးဆွဲပြဌာန်းခြင်း၊
    (ခ ) သင်ကြားမှုနှင့်အုပ်ချုပ်မှုစွမ်းရည်များမြှင့်တင်ခြင်း၊
    (ဂ ) အခြေခံပညာရေးလုပ်ငန်းများလေ့လာကြီးကြပ်ခြင်းနှင့်အကဲဖြတ်ခြင်း၊
    (ဃ) ကျောင်းပြင်ပပညာရေး၊
    တာဝန်ပေးအပ်ခြင်းခံရသော ညွှန်ကြားရေးမှူးချုပ်များသည် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင်လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ကြရမည်။
     အခမဲ့မသင်မနေရမူလတန်းပညာရေးကို ဥပဒေပြဌာန်း၍ အဆင့်ဆင့်တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်မည်။

Office Address and Location Map
Location Map: