Follow Us

စိုက်ပျိုးရေးဦးစီးဌာန

Thu, 10/13/2016 - 11:57

Vertical Tabs

About Topic

စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁) မျိုးကောင်း၊ မျိုးသန့်မျိုးစေ့များ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်ပေးခြင်း၊ တောင်သူများ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့မျိုးများ ထုတ်လုပ်စိုက်ပျိုးနိုင်ရန် ပညာပေးခြင်း။ (Seed Production တာဝန်)
(၂) သီးနှံများနှင့်ပက်သက်၍ တောင်သူလယ်သမားများ၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများအသုံးပြုနိုင်ရေး၊ သီးနှံအလိုက်စိုက်ပျိုးရေးနည်းပညာများအသုံးပြုနိုင်ရေး၊ သီးနှံအလိုက်စိုက်ပျိုးရေးနည်းစနစ်များ တီထွင်အသုံးပြုနိုင်ရေး လေ့ကျင့်ပညာပေးခြင်း။ (Training  Educationတာဝန်)
(၃) အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်း၊ မျိုးသန့်များ၊ မျိုးစေ့များ ထုတ်လုပ်နိုင်ရန် သိပ္ပံနည်းကျစိုက်နည်းစနစ်များအား သုတေသနပြုလုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း။ (Research and Development တာဝန်)
ဦးစီးဌာန၏လုပ်ငန်း/အကြောင်းအရာအလိုက်ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
    စိုက်ပျိုးရေးဦးစီးဌာနသည် ရော်ဘာတောင်သူများမှ ရော်ဘာပင်အိုခုတ်လှဲခွင့်ပြုရန်တင်ပြလာသည့်အခါ လုပ်ဆောင်ရမည့်အချက်အလက်များအား  လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်စေခဲ့ပါသည်။ ရော်ဘာတောင်သူများမှ မိမိတို့ခုတ်လှဲမည့် ပင်အိုဧရိယာနှင့် အပင်အရေအတွက်တို့ကို မိမိတို့ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံ  ပင်အိုခုတ်လှဲခွင့်လျှောက်ထားစေပြီး အောက်ပါအချက်အလက်များကို ဝန်ခံကတိရေးထိုးစေခဲ့ပါသည် -
    (က) ရော်ဘာပင်အိုများခုတ်လှဲပြီးပါက ခုတ်လှဲပြီးသည့် အပင်အရေအတွက်အတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှညွှန်ကြားချက်များနှင့်အညီ ရော်ဘာမျိုးကောင်းမျိုးသန့်များကို ပြန်လည်စိုက်ပျိုးပါမည်။
    (ခ ) နိုင်ငံတော်မှ ချမှတ်ထားသောမြေယာလုပ်ကိုင်ခွင့်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပါမည်။
    (ဂ ) စည်းကမ်းဖောက်ဖျက်မှုများတွေ့ရှိပါက မြေယာဥပဒေအရ အရေးယူခြင်းခံရမည်ကို သိရှိလိုက်နာပါမည်။ ဝန်ခံကတိလက်မှတ်ရေးထိုးပြီးပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ထောက်ခံချက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထောက်ခံချက်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနထောက်ခံချက်၊ မြေခွန်ပြေစာ၊ကွင်းဦးပိုင်အမှတ်၊ ခုတ်လှဲမည့်ပင်အိုဧရိယာ၏ ဓါတ်ပုံမှတ်တမ်းများတို့ဖြင့် အထောက်အထားပြည့်စုံပါက တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရော်ဘာပင်အိုသက်တမ်းလွန်ထုတ်လုပ်နိုင်ခြင်းမရှိတော့သဖြင့် အထွက်ကောင်းမျိုးများဖြင့်အစားထိုးစိုက်ပျိုးနိုင်ရန် လုပ်ထုံး/လုပ်နည်းနှင့်အညီ ခုတ်လှဲခွင့်တင်ပြလာမှုအပေါ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆက်လက်တင်ပြပေးပို့ပါသည်။

Office Address and Location Map
Location Map: