Follow Us

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

Thu, 10/13/2016 - 11:50

Vertical Tabs

About Topic

လုပ်ငန်းတာဝန်များ

   လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးအတွက်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှအဓိက ဆောင်ရွက်လျှက် ရှိသည့် လုပ်ငန်းကဏ္ဍ(၅)ရပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်-

(၁) မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး
(၂) ကြိုတင်ကာကွယ်ရေး
(၃) ပြစ်မှုကျူးလွန်သူများအား တရားစွဲဆိုရေး
(၄) လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး
(၅) စွမ်းရည်မြှင့်တင်ရေး
   အထက်ပါလုပ်ငန်းကဏ္ဍ(၅)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု/စိတ်များ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) တာဝန်ကျသည့်မြို့အပါအဝင် ဆက်စပ်သည့် နယ်စပ်ဒေသတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုဆိုင်ရာ သတင်းစုဆောင်း ဆောင်ရွက်ခြင်း၊ သတင်းတည်ဆောက်ခြင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး (သို့) အစီရင်ခံခြင်း၊
(၂) နှစ်နိုင်ငံနယ်စပ်ဒေသတွင် ခိုအောင်းလှုပ်ရှားလျှက်ရှိသော မြန်မာနိုင်ငံသားလူကုန်ကူးသူပွဲစားများကို စုံစမ်းဖော်ထုတ် အရေးယူခြင်း၊
(၃) နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း ခိုအောင်းလှုပ်ရှားနေသော လူကုန်ကူးသူ၊ လူပွဲစားများကို ထောက်လှမ်း၍ ဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးသို့ အစီရင်ခံခြင်းနှင့်နှစ်နိုင်ငံဒေသဆိုင်ရာ ရဲအဖွဲ့အချင်းချင်းရင်းနှီးမှုရယူ၍ ပူးပေါင်းဆောင်ရွက်ခြင်း၊
(၄) အိမ်နီးချင်းနိုင်ငံများတွင် လူကုန်ကူးမှုကျူးလွန်ရာတွင် ပါဝင်သော နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူ ပစ်မှတ်များအား ထောက်လှမ်းအတည်ပြု၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့ခြင်း၊
(၅) သက်ဆိုင်ရာပြည်နယ်/တိုင်းများမှ လူကုန်ကူးမှု၊ လူမှောင်ခိုမှုနှင့် ဖမ်းဆီးအရေးယူမှုများကို လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေးအတွက် အကူအညီပေးရမည့်အပြင် ကွင်းဆက်တရားခံများ ဖော်ထုတ်နိုင်ရေးအတွက် အစီရင်ခံတင်ပြခြင်း၊
(၆) သက်ဆိုင်ရာနယ်မြေတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(၇) လူကုန်ကူးခံရသူများအား တွေ့ဆုံမေးမြန်းသတင်းရယူရာတွင် နိုင်ငံတကာကျင့်စဉ်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ အမိန့်အာဏာသုံး၍ သက်သေခံခြင်းတို့ကို မပြုမိစေရန် အထူးသတိချပ်ဆောင်ရွက်ခြင်း၊
(၈) လူကုန်ကူးခံရသူများကို နယ်စပ်မြို့များတွင် လွှဲပြောင်း/လက်ခံရာတွင် လည်း Victim များကို အကာအကွယ်ပေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ လူအများရှေ့တွင် တွေ့ဆုံမေးမြန်းခြင်း စသည်တို့ မပြုမိစေရန် သတိချပ်ဆောင်ရွက်ခြင်း၊
(၉) လူကုန်ကူးခံရသူများ၏ လုံခြုံရေးကို သက်ဆိုင်ရာနှင့်ညှိနှိုင်း၍ အဆင့်ဆင့် စီစဉ်ပေးခြင်း၊
(၁၀) နယ်စပ်ဆက်ဆံရေးရုံး(Border Liaison Office) ဖွဲ့စည်းထူထောင်သည့်အခါ တပ်ဖွဲ့စု/စိတ်မှူးသည် ဆက်ဆံရေးအရာရှိ(Border Liaison Officer) တာဝန်ထမ်းဆောင်ခြင်း၊
(၁၁) နှစ်နိုင်ငံ ဆက်ဆံရေးလုပ်ငန်း အဆင်ပြေချောမွေ့စေရန်အတွက် စိတ်ချရသော စကားပြန်၊ ဘာသာပြန်နှင့် အမာခံများ မွေးမြူထားရှိခြင်းနှင့် သတင်းပို့ခြင်း၊ သတင်းဖလှယ်ခြင်းပြုရာတွင် သတင်းလုံခြုံစိတ်ချရေးအတွက် လျှို့ဝှက်အဆင့် သတ်မှတ်၍ ဆောင်ရွက်ခြင်း၊
(၁၂) နိုင်ငံပူးပေါင်းဆောင်ရွက်ရာတွင် မိမိနိုင်ငံ၊ လူမျိုး၏ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေမည့် အပြုအမူ၊ အပြောအဆိုနှင့် ဆက်ဆံ ရေးတို့ကို အထူးသတိပြု ရှောင်ကျဉ်ဆောင်ရွက်ရခြင်း။

လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
    အမှတ်(၁၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုနှင့် လက်အောက်ခံတပ်ဖွဲ့စိတ်များမှ လုပ်ငန်းအကြောင်းအရာအလိုက် ဆောင်ရွက်လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပါ လုပ်ထုံးလုပ်နည်းများ
(ခ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် UNIAPတို့ပူးပေါင်းထုတ်ဝေသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စံထားရမည့်ကျင့်ဝတ်များနှင့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များ
(ဂ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် JICA တို့ပူးပေါင်းထုတ်ဝေ သည့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ်ပါ လုပ်ထုံးလုပ်နည်းများ၊
(ဃ) လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ရေးဆွဲထားရှိသော လူကုန်ကူးမှုတိုက်ဖျက်ရေး ဒုတိယ(၅)နှစ်စီမံကိန်း (၂၀၁၂ -၂၀၁၆)ပါ လုပ်ငန်းလမ်းညွှန်ချက်များ။

Office Address and Location Map
Location Map: