Follow Us

အကျဉ်းဦးစီးဌာန

Thu, 10/13/2016 - 11:36

Vertical Tabs

About Topic

အကျဉ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

လုံခြုံရေး
(၁) တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်သူများ နိုင်ငံတော်အေးချမ်းသာယာမှုကို ပျက်ပြားအောင် အဖျက်အမှောက် ပြုလုပ်သူများကို လုံခြုံစွာထိန်းသိမ်းရန်။
(၂) အဖျက်အမှောက်သမားများမှ ထောင်တွင်းသတင်းများကို မမှန်မကန် ထုတ်လွှင့်တတ်သဖြင့် မလိုအပ်သည့် ထောင်တွင်းသတင်းများ မပေါက်ကြားရေး၊ ပြင်ပမှ ကောလဟာလသတင်းမှားများ ထောင်တွင်းသို့ မရောက်ရှိစေရေး ဆောင်ရွက်ရန်။
(၃) ထောင်အုတ်ရိုးကျော်တက်ထွက်ပြေးလွတ်မြောက်မှုမရှိစေရေး လုံခြုံရေးစီမံချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ရန်။
(၄) ထောင်တွင်းဆူပူပုန်ကန်ထကြွမှုများ မဖြစ်ပေါ်စေရန်။
(၅) ဒုစရိုက်သမားများ၏ စည်းရုံးရေးဌာနသဖွယ် မဖြစ်စေရန်။

စည်းကမ်းစနစ်တကျရှိရေး
(၁) အကျဉ်းထောင်များ ဥပဒေနှင့် နည်းဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရေးဆွဲရန်။
(၂) နိုင်ငံတကာအဆင့်မီ အကျဉ်းထောင်လုပ်ငန်းစနစ်များ ကျင့်သုံးဆောင်ရွက်ရန်။
(၃) အကျဉ်းထောင်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ကျင့်ကြံပြောဆို ပြုမူနိုင်ရေး ဆောင်ရွက်ရန်။
(၄) အကျဉ်းသားများ၏ကိုယ်ရေးအချက်အလက်များ၊ ဓါတ်ပုံများ၊ လက်ဗွေရာများကို ပြည့်စုံစွာ မှတ်တမ်းတင်ထားရှိရန်။
(၅) အကျဉ်းသားနှင့် အကျဉ်းသူ ခွဲခြားထားရှိရန်။
(၆) လူကြီးအကျဉ်းသားများမှ လူငယ်အကျဉ်းသားများအား နှိပ်စက်ညှင်းပမ်းမှုမပြုစေရန်နှင့် လူငယ်အကျဉ်းသားများအား သီးခြားထားရှိရန်။                                                
(၇) အကျဉ်းသားများ၏အုပ်ချုပ်ရေး၊ သက်သာချောင်းချိရေးတို့အတွက် နိုင်ငံတော်မှ အခါအားလျော်စွာ သတ်မှတ်ခွင့်ပြုထားသည့်အတိုင်း ပြည့်ဝမှန်ကန်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးရန်။

အကျဉ်းသားများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြှင့်မားရေး
(၁) အကျဉ်းသားအိပ်ဆောင်များကို အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းမွန်စွာ ဆောက်လုပ်ရန်။
(၂) အကျဉ်းသားမျာနေထိုင်မှုကို လူသားချင်းစာနာထောက်ထားစွာဖြင့် နွေးထွေးသန့်ရှင်းစွာ ထားရှိရန်။ 
(၃) အကျဉ်းထောင်များအတွင်း ရေမြောင်းများ၊ အညစ်အကြေးများ၊ အနံ့အသက်များ အမြဲကောင်းမွန်နေအောင် ကြပ်မတ်ဆောင်ရွက်ရန်။
(၄) အကျဉ်းသားများ ထောင်တွင်းပြည့်သိပ်ကြပ်ညှပ်မနေစေဘဲ အကျဉ်းထောင်များခွဲ၍ ထိန်းသိမ်းထားရှိရန်။
(၅) သန့်ရှင်းသောသောက်သုံးရေနှင့် လုံလောက်သော သုံးရေရရှိရေး ဆောင်ရွက်ပေးရန်။
(၆) အဝတ်အစားနှင့် အိပ်ယာများ ကောင်းမွန်ရေး ဆောင်ရွက်ပေးရန်။
(၇) အာဟာရပြည့်ဝသော အစားအစာများကို ပူပူနွေးနွေးနှင့် သန့်ရှင်းစွာ စားသောက်နိုင်ရေး စီမံပေးရန်။
(၈) အကျဉ်းထောင်အတွင်း ခြင်/ယင်နှင့် အမှိုက်ကင်းစင်ရေး ဆောင်ရွက်ရန်။

ကျန်းမာရေးစောင့်ရှောက်မှု
(၁) အကျဉ်းထောင်များအတွင်း ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်မှု၊ ဆေးဖြန်းမှု၊ ကျန်းမာရေး၊ စစ်ဆေးမှုများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။
(၂) အကျဉ်းထောင်များအတွင်း ဆေးရုံဆေးပေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာထားရှိရန်။
(၃) ရောဂါများဖြစ်ပွားလာပါက လုံလောက်သောဆေးဝါးများဖြင့် စနစ်တကျ ကုသပေးရန်။
(၄) ထောင်တွင်း၌ ကုသရန်မလုံလောက်ပါက ပြင်ပဆေးရုံများတွင် အထူးကုဆရာဝန်များနှင့် ကုသပေးရန်။
(၅) သေဆုံးပါက ရေခဲတိုက်များတွင် စနစ်တကျထားရှိရေး၊ ယုံကြည်ကိုးကွယ်သည့် ဘာသာတရားနှင့်အညီ ကောင်းမွန်စွာ သင်္ဂြုလ်နိုင်ရေး စီမံဆောင်ရွက်ပေးရန်။ 

အကျင့်စာရိတ္တပြုပြင်ပြောင်းလဲရေး
(၁) အကျဉ်းသားများ ထောင်မှလွတ်မြောက်သည့်အခါ လူကောင်းသူကောင်းများဖြစ်အောင် ပြောင်းလဲပေးရန်။
(၂) ထောင်သား/အကျဉ်းသားအဖြစ် အောက်ကျနောက်ကျနေရသည့်ဘဝမှ လူကောင်းများဖြစ်အောင် ထူထောင်ပေးရန်။
(၃) လောကကြီးနှင့် အဆက်မပြတ်စေရေးအတွက် သတင်းစာများ၊ ဂျာနယ်များ၊ တီဗွီများထားရှိပေးရန်။
(၄) အကျဉ်းသားများ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးရန်။
(၅) သက်ဆိုင်ရာယုံကြည်ကိုးကွယ်သည့် ဘာသာအလိုက် ဘာသာရေးအဆုံးအမများ ရရှိစေရေးဆောင်ရွက်ပေးရန်၊ တရားစခန်းများ ဖွင့်လှစ်ပေးရန်။
(၆) စာရိတ္တများပြုပြင်ထူထောင်ရေးစခန်းများအဖြစ် ထူထောင်ပေးရန်နှင့် အကျဉ်းကျခံစိတ်ပပျောက်အောင် လုပ်ဆောင်ပေးရန်။
(၇) ခံပြင်းနာကျည်းစိတ် ၊ ကလဲ့စားချေလိုစိတ်များ ကင်းစင်၍ စိတ်ဓာတ်ကျဆင်းမှုများ လျှော့နည်းပပျောက်စေရေးအတွက် ပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးရန်။

အသက်မွေးဝမ်းကျောင်းပညာနှင့် စာပေပညာများ သင်ကြားပေးရေး
(၁) ပြစ်ဒဏ်ကုန်ဆုံး၍ လွတ်မြောက်သောအခါတွင် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခု တတ်မြောက်သွားစေရန် ရည်ရွယ်၍ ထောင်တွင်းလက်မှုပညာနှင့် စိုက်ပျိုးရေးပညာများကို လေ့ကျင့်သင်ကြားပေးရန်။
(၂) စာမတတ်သူအကျဉ်းသား၊ အကျဉ်းသူများကို “ အ ” သုံးလုံး သင်ကြားပေးရန်။
(၃) ပညာတစ်ပိုင်းတစ်စဖြစ်သည့် အကျဉ်းသား/သူများကို စာပေပညာများ ဆက်လက်သင်ကြားပေးရန်။ 
(၄) အကျဉ်းသူများနှင့်အတူ ပါရှိလာသည့် မူကြိုအရွယ်ကလေးများကိုလည်း မူကြိုကျောင်းများ ဖွင့်လှစ်သင်ကြားပေးရန်။

ကုန်ထုတ်လုပ်ငန်းများအားဆောင်ရွက်ရေး
(၁) အလဟဿလေလွင့်ပြုန်းတီးနေသည့် အကျဉ်းသားများ၏ လုပ်အားကို အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျောက်ထုတ်လုပ်ရေးစသည့် ကုန်ထုတ်လုပ်ငန်းများကို လုပ်ကိုင်ရန်။
(၂) နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား  အောင်မြင်အောင်လုပ်ဆောင်ရန်။
(၃) စားသောက်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အပေါ်မှီခိုနေမှုအား အမှီအခိုကင်းသော ဘဝရောက်အောင် လုပ်ဆောင်သွားရန်။
(၄) အကျဉ်းသားများလုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့ရန်ပုံငွေ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန်။
(၅) ထိုက်သင့်သည့် လုပ်အားခများရရှိရေး ဆောင်ရွက်ပေးရန်။

ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေး
(၁) နိုင်ငံတော်စီမံကိန်းဝင်လုပ်ငန်းကြီးများ ပြည်နယ်/တိုင်းဒေသကြီးများနှင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသော နယ်စပ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တည်ဆောက်ပြုပြင်ရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
(၂) အကျဉ်းသားများသည် တိုင်းရင်းသားများဖြစ်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အခြေခံ၍ ဆက်ဆံထိန်းသိမ်းရန်။
(၃) စိုက်ပျိုးရေးစခန်းများ၏ ပတ်ဝန်းကျင်ကျေးရွာများကို လက်တွဲခေါ်ယူရန် ၊ စိုက်ပျိုးရေးပညာပေးရန်။
(၄) စခန်းများအနီးရှိ ဆင်းရဲနွမ်းပါးသူများ၊ အိုမင်းမစွမ်းသူများကို ဝိုင်းကူလုပ်အားပေး ဆောင်ရွက်ရန်။

Office Address and Location Map
Location Map: