Follow Us

အောင်မင်္ဂလာရုပ်ရှင်ရုံ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စာချုပ်(မူကြမ်း)များ စိစစ် ရေး ကော်မတီဖြင့် စိစစ်သည့် အခမ်းအနား ကျင်းပ

Mon, 07/13/2020 - 23:15

ထားဝယ် ဇူလိုင် ၁၃

          ယနေ့ ၁၄၀၀ နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ အောင်မင်္ဂလာရုပ်ရှင်ရုံ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စာချုပ် (မူကြမ်း) များ စိစစ်ရေးကော်မတီဖြင့် စိစစ်သည့် အခမ်းအနား ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က ရုပ်ရှင်လုပ်ငန်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးအစိုးရစီမံခန့်ခွဲမှုသို့ လွှဲပြောင်းထားရှိပါကြောင်း၊ ရုပ်ရှင်လုပ်ငန်း ဥပဒေ (မူကြမ်း)ပါ စကားလုံးအသုံးအနှုန်းများ ပြင်ဆင်ရန်လိုအပ်ပါကြောင်း၊ ဥပဒေ(မူကြမ်း) ပြင်ဆင်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်နှင့် ပြင်ဆင်ရမည့် အချက်များကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အောင်မင်္ဂလာရုပ်ရှင်ရုံငှားရမ်းသူ ဦးယုဝါမှ ရုပ်ရှင်ရုံလုပ်ငန်းဆိုင်ရာ အခြေအနေများ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ က စာချုပ်(မူကြမ်း) အပေါ် အကြံပြုဆွေးနွေးကြပါသည်။

          ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က နိဂုံးချုပ်စကားပြောကြားကာ ၁၆၂၀ နာရီအချိန် တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။