Follow Us

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရည်မှန်းချက်များနှင့်လုပ်ငန်းတာဝန်များ

Thu, 10/13/2016 - 11:35

Vertical Tabs

About Topic

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ရည်မှန်းချက်များ
ရည်မှန်းချက်(၃)ရပ်
(၁) လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် ကျန်းမာသောမျှော်မှန်း လူ့သက်တမ်းတိုးမြင့်လာစေရန်
(၂) လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန်
(၃) လူတိုင်းရောဂါဘယကင်းရှင်းစေရန်နှင့် ကျန်းမာရေးအဆင့်အတန်းမြင့်မားစေရန်
    
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တာဝန်များ
(က) နိုင်ငံတော်မှချမှတ်ထားသည့် ကျန်းမာရေးမူဝါဒများနှင့်အညီ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်၊
(ခ) ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားလာစေရန် ကျန်းမာရေးအဆင့် မြှင့်တင်သည့် ကျန်းမာရေးစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရန် ဦးဆောင်တာဝန်ယူဆောင်ရွက်ရမည်၊
(ဂ) ကျန်းမာရေးအဆင့်မြှင့်တင်နိုင်သော ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် (မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး၊ ကျောင်းကျန်းမာရေး၊ ပျိုရွယ်သူကျန်းမာရေး၊ သက်ကြီးရွယ်အိုကျန်းမာရေး) ပဏာမကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဦးဆောင်၍ စီမံဆောင်ရွက်ရမည်၊
(ဃ)
 ရောဂါကာကွယ်နှိမ်နင်းကုသရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရမည်၊
(င) ကျန်းမာရေးဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန် သင်တန်းများ၊ မွမ်းမံသင်တန်းများပေးရမည်၊
(စ) ကျန်းမာရေးအဆင့်မြှင့်တင်သည့် လုပ်ငန်းများဆောင်ရွက်မှုကို ကျေးလက်ဒေသ အောက်ခြေအထိ အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲသွားရမည်၊
(ဆ) ပြည်သူလူထုအတွင်း ကျန်းမာရေးနှင့်ညီညွတ်သောအပြုအမူများ၊ အလေ့အကျင့်များကို စွဲမြဲကျင့်သုံးလာစေရန် ထိရောက်သော ကျန်းမာရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရမည်၊
(ဇ) နိုင်ငံတော်မှ ပေးအပ်လာသောတာဝန်များကို တိကျစွာဆောင်ရွက်ရမည်။

 

Office Address and Location Map
Location Map: