Follow Us

မီးသတ်ဦးစီးဌာန

Thu, 10/13/2016 - 11:10

Vertical Tabs

About Topic

မီးသတ်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
မီးသတ်ဦးစီးဌာန၏အဓိက"တာဝန်ကြီး(၅)ရပ်"
(၁) မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး
(၂) မီးငြိမ်းသတ်ရေး
(၃) ရှာဖွေကယ်ဆယ်ရေး
(၄) လူမှုရေး
(၅) နိုင်ငံတော်၏အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်းတည်ဆောက်ရေး

ဦးစီးဌာန၏လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
နိုင်ငံတော်တစ်ဝန်းလုံးတွင် မီးဘေးအန္တရာယ်လုံခြုံကင်းဝေးစေရေးအတွက် မီးဘေးလုံခြုံရေးလုပ်ငန်းစဉ်များဖြစ်သည့် မီးသတိမူရေး၊ နှိုးဆော်၊ ကြေညာ၊ အသိပညာပေးရေးကဏ္ဍ၊ ကြိုတင်ကာကွယ်တားဆီးရေးကဏ္ဍ၊ မီးငြိမ်းသတ်ရေးကဏ္ဍဟူ၍ ခွဲခြားဆောင်ရွက်သွားပါမည်-

(၁)    မီးဘေးသတိမူရေးကဏ္ဍ
(ကက) မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထုအတွင်း မီးသတိမူရေးလုပ်ငန်းများ စိမ့်ဝင်ပျံ့နှံ့စေရေးအတွက် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ လှုံ့ဆော်ပညာပေးမှုအစီအစဉ်များ ထုတ်လွှင့်သွားရန်။ 
(ခခ) သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ထည့်သွင်းဖော်ပြရန်နှင့် ပညာပေးစာတမ်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်။                                                                   (ဂဂ) မီးဘေးအန္တရာယ်၏ အနိဋ္ဌာရုံဆိုးကျိုးများ သိရှိနိုင်ရေးအတွက် မီးလောင်မှုမှတ်တမ်းများအား ဗီဒီယိုဆလိုက်ရှိုးများ၊ ရုပ်မြင်သံကြားစက်များဖြင့် အသိပညာပေးပြသရန်။            
(ဃဃ) ကျောင်းများ၊ စျေးများ၊ စက်ရုံ/အလုပ်ရုံများတွင် မီးဘေးသတိမူရေးအတွက် အသိပညာပေးဟောပြောရန်။                                                                               (ငင) ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်များအတွင်း မီးဘေးသတိမူရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ရန်။                                                               (စစ) မီးသတိပေးပိုစတာများဖြန့်ဝေခြင်း၊ မီးဘေးအန္တရာယ်ကြီးမားပုံနှင့် အခြေအနေများကို ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထပ်ဆင့်အသံလွှင့်ခြင်း၊ ဟောပြောခြင်း၊ ဆွေးနွေးခြင်း သတင်းစာ၊ မဂ္ဂဇင်း၊ စာနယ်ဇင်းတို့မှရေးသားရှင်းလင်းပညာပေးခြင်းတို့ကို ပြုလုပ်သွားရန်။
(ဆဆ) မီးဘေးအန္တရာယ်လျော့နည်းစေရေးအတွက် မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပြန့်ပွားရေးသည် အဓိကကျသော အချက်တစ်ချက်ဖြစ်သည့် ကျောင်းသား/ကျောင်းသူမှတစ်ဆင့် ပြည်သူလူထုကို မီးဘေးလုံခြုံအသိပညာပေးအစီအစဉ်(School Based Fire Safety Education  Programme)ကျင့်သုံးကာ နိုင်ငံတော်တစ်ဝန်းလုံးရှိ အခြေခံပညာဦးစီးဌာနအောက်ရှိ အလယ်တန်းကျောင်းများတွင် ကျောင်းသား/သူများအားမီးဘေးအန္တရာယ်ကာကွယ်ရေးနှင့် အသိပညာပေးပို့ချမှုအစီအစဉ်များကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ပညာရေးမှူးများနှင့် ညှိုနှိုင်းဆောင်ရွက်သွားရန်။
(ဇဇ) ခရိုင်၊ မြို့ နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် မီးဘေးကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဒေသရှိ စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှု၊ အထောက်အကူပြုကော်မတီနှင့် စည်ပင်သာယာရေးကော်မတီတို့ ပေါင်းစပ်ညှိုနှိုင်းမှုဖြင့်သာ ဆောင်ရွက်သွားရန်။
(စျစျ) နိုင်ငံတော်တွင် လူမှုစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်တစ်ဝန်းလုံးရှိ မြို့ကြီးများတွင် အထပ်မြင့်တိုက်များ၊ စုပေါင်းအိမ်ရာများတွင် နေထိုင်သည့် လူထုပူးပေါင်းပါဝင်ဆောင်ရွက်သည့် မီးဘေးအန္တရာယ်ကာကွယ်ရေးလှုပ်ရှားမှုဖြစ်သော အထပ်မြင့်တိုက်များ၊ စုပေါင်းအိမ်ရာများတွင်ဝါသနာ၊ စေတနာထက်သန်သူများအား စုဖွဲ့မီးဘေးကာကွယ်ရေးရက်ကို ပညာပေးဆွေးနွေးလေ့ကျင့်ခြင်း၊ လုပ်ငန်းခွင်မပျက် အချိန်ပိုင်းသင်တန်းပို့ချခြင်း၊ ရှေးဦးမီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များ၊ ရှေးဦးသူနာပြုစုခြင်းနှင့် ပတ်ဝန်းကျင်ရှိအိမ်များကို မီးဘေးကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ မီးသတ်တပ်ဖွဲ့သို့ ကူညီပါဝင်ဆောင်ရွက်စေရေး စသည့် မီးသတ်ပညာရပ်များ ပြည်သူလူထုအတွင်းစိမ့်ဝင်ပြန့်နှံ့စေရေး ပညာပေးလေ့ကျင့်မှုများ ဆောင်ရွက်စေရေးကြပ်မတ်ဆောင်ရွက်သွားရန်။

(၂)   မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးကဏ္ဍ
(ကက) မြို့ကြီးများတွင် အထပ်မြင့်အဆောက်အဦးများ၊ အများပြည်သူများနှင့် သက်ဆိုင်သော ဆေးရုံ၊ စျေး၊ ကျောင်း၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဟိုတယ်၊ မိုတယ်များကို မဆောက်လုပ်မီကစ၍လည်းကောင်း၊ အခြားနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြီုပ်နှံသောစက်ရုံများ၊ စီမံကိန်းဝင်စက်ရုံ၊ အလုပ်ရုံ၊ မီးဘေးအန္တရာယ်စိုးရိမ်ရသောလုပ်ငန်းများအတွက် ဆီသိုလှောင်ကန်နှင့် မီးလောင်လွယ်သောပစ္စည်းများ၊ သိုလှောင်ရုံများ၊ ဆောက်လုပ်ခြင်း သို့မဟုတ် တည်ဆောက်ခြင်းများကို စစ်ဆေးအကြံပြုသွားရန်။
(ခခ) မြို့ပြနှင့်ကျေးရွာများရှိ စက်ရုံ၊ အလုပ်ရုံများ၊ ကျောင်းများ၊ စျေးများ၊ လူနေအိမ်ခြေအဆောက်အဦများတွင် လျှပ်စစ်ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ပစ္စည်းများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ကြစေရေး၊ လျှပ်စစ်ဓာတ်ကြိုးများသွယ်တန်းမှုများတွင် စေ့စပ်သေချာစွာဆောင်ရွက်ရေး၊ လျှပ်စစ်ဓာတ်အားကို သတ်မှတ်ချက်ထက် ပိုမိုလွန်ကဲစွာ အသုံးမပြုရေးတို့ကို မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် ဟောပြောပွဲများတွင် အကြံပြုဟောပြောသွားရန်နှင့် စစ်ဆေးခြင်းများတွင် လျှပ်စစ်ဆိုင်ရာကျွမ်းကျင်သူများ ပူးပေါင်းပါဝင် စစ်ဆေးဆောင်ရွက်သွားစေရန်။ 
(ဂဂ) မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးလောင်မှုဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းနှင့် လောင်စာတို့ကို သတိပြုရှင်းထုတ်/လျော့ချနိုင်ရေးစစ်ဆေးအကြံပေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အလေးထား လုပ်ကိုင်ကြစေရေးဆောင်ရွက်သွားရန်။
(ဃဃ) ကျေးရွာများတွင် မီးလောင်မှုလျော့နည်းစေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျေးရွာအရောက် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်သွားရန်။
(ငင) တိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များရှိ လမ်းကျဉ်းလမ်းကျယ်များအတွင်း လျှပ်စစ်မီးကြိုးများ၊ တယ်လီဖုန်းကြိုးများနှင့် ညအိပ်ယာဉ်များ မလွတ်ကင်းမှု၊ ပိတ်ဆို့မှုများကြောင့် မီးသတ်ယာဉ်များ မီးငြိမ်းသတ်ရေးလုပ်ငန်းများတွင် အခက်အခဲမရှိစေရေး၊ လွယ်ကူလျှင်မြန်စွာ ဝင်/ထွက် ငြိမ်းသတ်နိုင်ရေး ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်။               
(စစ) ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမှုများပြုလုပ်ခြင်း၊ အထူးသဖြင့် မီးဖိုများနှင့် ပတ်ဝန်းကျင်အနေအထားကို စစ်ဆေးခြင်း၊ အကြံပေးခြင်း၊ ညွှန်ကြားခြင်းတို့ကို ဆောင်ရွက်သွားရန်။
(ဆဆ) ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် မီးလောင်စေတတ်သည့်အရာဝတ္ထုများ၊ ပစ္စည်းများရှင်းလင်းထားခြင်း၊ မီးဘေးအန္တရာယ်ဖြစ်စေတတ်သည့်ပစ္စည်းများကို အသုံးပြု၍ မီးဘေးစိုးရိမ်ရသည့်လုပ်ငန်း လုပ်ကိုင်ခြင်းအပေါ် မျက်ခြည်မပျက် စစ်ဆေးကြပ်မတ်မှုဆောင်ရွက်သွားရန်။ 
(ဇဇ)  ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် မှီတင်းနေထိုင်ကြသည့် မိဘပြည်သူတစ်ရပ်လုံးသည် ၄င်းတို့၏ အသိစိတ်ဓာတ်၌ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးအသိပညာများ ကိန်း အောင်းလာစေရန် စည်းရုံးလှုပ်ရှားခြင်း၊ ပညာပေးခြင်းများကို ဆောင်ရွက်သွားရန်။
(စျစျ) ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် နယ်မြေအလိုက် မီးဘေးကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးစီမံချက်များရေးဆွဲပြီး လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်သွားရန်။
(ညည) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူးများသည် မိမိ လက်အောက်ရှိ မီးသတ်စခန်းများသို့ တစ်လ(၁)ကြိမ် မျက်ခြည်မပြတ် စစ်ဆေးကြပ်မတ်မှုများဆောင်ရွက်ရန်။
(ဋဋ) လောင်စာဆီများဖြစ်သည့် ရေနံဆီ၊ ဓာတ်ဆီ၊ မက်သနောဆီ၊ ဒီဇယ်ဆီများ တရားမဝင်သယ်ယူခြင်း၊ ပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းတို့ကို ဒေသအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့၏ ကြီးကြပ် ကွပ်ကွဲမှုတို့ဖြင့် စစ်ဆေးတားဆီးအရေးယူဆောင်ရွက်သွားရန်။                
(ဌဌ) မီးဘေးစိုးရိမ်ရသည့်လုပ်ငန်းများကို စစ်ဆေးအကြံပြုပြီး၊ အကြံပြုချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ မျက်ခြည်မပြတ် စစ်ဆေးခြင်း၊ ဆွေးနွေးခြင်း၊ အကြံပေးခြင်းများ ဆောင်ရွက်ရန်။
(ဍဍ) မီးသတ်အသိပညာပေးဇာတ်လမ်းများကို ရိုက်ကူးပြသခြင်း၊ သရုပ်ပြလေ့ကျင်ခြင်း၊ သင်တန်းပေးခြင်းတို့ဖြင့် ဆောင်ရွက်ရန်။
(ဎဎ) စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ ဆန်စပါး၊ ကောက်ပဲသီးနှံအဝယ်ဒိုင်များ၊ ကြိတ်ခွဲစက်များစသည်တို့ကို စစ်ဆေးအကြံပေး၍ လုံခြုံရေးစီးမံချက်များရေးဆွဲပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေး၊ အစီ အစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်သွားရန်။
(ဏဏ) အခြေခံမီးသတ်သင်တန်းများ၊ ဝန်ထမ်းအခြေခံမီးသတ်ပညာသင်တန်းများ၊ အကြိုအခြေခံသင်တန်းများ၊ ယာဉ်မောင်းမွမ်းမံသင်တန်းများ၊ ကျေးလက်အခြေခံသင်တန်းများနှင့် အသက်ကယ်အခြေခံနည်းစနစ် သင်တန်းများပို့ချမှုများကို ဆောင်ရွက်ရန်။
(တတ) စက်ရုံ/အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်များနှင့် မီးဘေးစိုးရမ်ရသောလုပ်ငန်းများတွင် ဖွဲ့စည်းထားရှိသော သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအား မီးဘေးလုံခြုံရေးတာဝန်ခံ Fire Safely Manager သင်တန်းများကို ယခင်က လစဉ် ရက်သတ္တပတ်(၃)ပတ် ကြာသင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းအမှတ်စဉ်(၃၁)မှစ၍ (၁)လသင်တန်းအဖြစ်တိုးချဲ့ ပြီး မီးသတ်ဦးစီးဌာန၊ ပြည်လမ်း၊ မြေနီကုန်းရှိ မီးသတ်သုတေသနနှင့် မီးဘေးလုံခြုံရေးအသိပညာပေးရေးဌာနတွင်(ထထ)မီးဘေးကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဓိကကျသည့် မီးသတ်လုပ်ငန်းစဉ်(၇)ရပ်ကို လျာထားချက်များဖြင့် စီစဉ်ဆောင်ရွက်သွားရန်။
                

(၃)   မီးငြိမ်းသတ်ရေးကဏ္ဍ
(ကက) မီးငြိမ်းသတ်ရာတွင် ရေလုံလောက်စွာရရှိရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ နယ်မြေဒေသနှင့် လိုက်လျောညီထွေသည့် အကြံပြုချက်များတင်ပြခြင်း၊ စီမံချက်ရေးဆွဲဆောင်ရွက်ခြင်း၊ ရေ အလွယ်တကူရရှိအသုံးပြုနိုင်ရေးအတွက် ညှိနှိုင်းခြင်း၊ ရေရရှိနိုင်သည့်နေရာများကို စစ်ဆေးမှတ်တမ်းပြုခြင်း၊ အခါမလပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သွားရန်။
(ခခ) မီးသတ်တပ်ဖွဲ့ဝင်များ နယ်မြေကျွမ်းကျင်မှုရှိစေရန် နယ်မြေအလိုက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ နယ်မြေအတွင်းလမ်းများအခြေအနေ၊ မီးသတ်ကားဝင်/ထွက်နိုင်မှုရှိ/မရှိ အခြေအနေနှင့် ပစ်မှတ်များ သတ်မှတ်ချက်တို့ကို ကွင်းဆင်းလေ့လာသွားရန်။
(ဂဂ) မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးဘေးကာကွယ်ရေးအဖွဲ့အစည်းများအားလုံး စုပေါင်းလေ့ကျင့်မှုရှိစေရန်နှင့် ပြည်သူများ စုပေါင်းပါဝင်ဆောင်ရွက်လာစေရန် ပြုလုပ်သည့် ပညာပေး ဟောပြောပို့ချရေးအစီအစဉ်ကို နယ်မြေအလိုက်အာဏာပိုင်အဆင့်ဆင့်သို့ တင်ပြပြီး လစဉ်ဆောင်ရွက်သွားရန်။
(ဃဃ) မီးသတ်/ယာဉ်နှင့် မီးသတ်ပစ္စည်းကိရိယာများကို လိုအပ်ချိန်တွင် အမြဲစွမ်းအား အပြည့်သုံးချနိုင်ရေးအတွက် မျက်ခြည်မပြတ် ထိန်းသိမ်းမှုဖြင့် အသင့်ထားရှိရန်။
(ငင) မီးသတ်စခန်းနှင့် ကွာဝေးသည့်ဒေသများတွင် အရေးပေါ်မီးငြိမ်းသတ်ရေးပစ္စည်းကို စုဆောင်းအသင့်ထားရှိခြင်း၊ မီးသတ်စခန်းမှ အကူအညီမပေးနိုင်သော ဝေးလံသည့်ဒေသများတွင် အလျင်အမြန် စုပေါင်းငြိမ်း သတ်နိုင်မည့်နည်းလမ်း၊ ကိုယ့်နယ်မြေအလိုက် တီထွင်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်ရန်နှင့် အပေါ့စားမီးသတ်စက်များ ရေဂါလံအနည်းဆုံး(၃၀၀၀)ဂါလံဆံ့ရေကန်များ၊ ကိုယ့်အားကိုယ်ကိုးဖြည့်ဆည်းတည်ဆောက်သွားရန်။
(စစ) မီးလောင်မှုဖြစ်ပွားလျှင်ဖြစ်ပွားခြင်း မြန်မြန်သိနိုင်ရေးအတွက် မြို့နယ်အလိုက် ဆက်သွယ်ရေးစနစ်ကောင်းမွန်အသင့်ရှိနေစေရေး ဆောင်ရွက်ရန်။
(ဆဆ) မီးလောင်မှုအားဆောလျင်စွာ ငြိမ်းသတ်နိုင်ရန် မီးလောင်ပြင်သို့ မြန်မြန်သွားရောက်နိုင်ရေးအတွက် သင့်(၄)သင့် ဖြစ်သော တပ်ဖွဲ့ဝင်၊ မီးသတ်ယာဉ်/စက်၊ စက်သုံးဆီ၊ ရေအသင့်ရှိစေရေး ဆောင်ရွက်သွား ရန်။
(ဇဇ) မီးလောင်မှုအား မြန်မြန်ငြိမ်းသတ်နိုင်ရန် တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ်ရေးနည်းပညာများ ပိုမိုကျွမ်းကျင်စေရေး၊ လုပ်ငန်းခွင်မပျက် လေ့ကျင့်ရေးလုပ်ငန်းများအား အရှိန်အဟုန်တိုးမြင့်ပြီး ဆောင်ရွက်သွားရန်။
(စျစျ) မီးသတ်ယာဉ်ဝင်ရန် ခက်ခဲသောနေရာများတွင် မီးလောင်ပြင်နှင့် အနီးဆုံးနေရာသို့ မီးသတ်ယာဉ်ဖြင့် ချဉ်းကပ်၍ မီးသတ်ယာဉ်မှတဆင့် မီးလောင်ပြင်အထိ မီးသတ်ပိုက်လိပ်များကိုဆက်၍ အနီးဆုံးနေရာ၊ လေအောက်မှ နေရာယူ ငြိမ်းသတ်ရန်။
(ညည) တစ်ဖက်ပိတ်လမ်းများတွင် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်အား မီးလောင်ပြင်၏ အနီးဆုံးနေရာသို့ မီးသတ်ယာဉ် နောက်ဆုတ်ဝင်ရောက်ပြီး ကျန်မီးသတ်ယာဉ်များမှ လမ်းမအတွင်းနေရာယူ၍ ရေဖြည့် တင်းရေးကို ရေပိုက်နှစ်တန်းဆက်ဖြင့် ရေဖြည့်တင်းပေးရမည်။ အကူမီးသတ်ယာဉ်များမှ အခြားမျက်နှာစာဖွင့်ခြင်း၊ လွန်းပျံစနစ်ဖြင့် ရေရယူ၍ ငြိမ်းသတ်ရမည်ဖြစ်ပါသည်။
(ဋဋ) မြစ်ထဲတွင်သင်္ဘော၊ မော်တော်များမီးလောင်ပါက မီးသတ်သင်္ဘောများဖြင့်သော်လည်းကောင်း၊ မီးသတ်သင်္ဘောမရှိသောနေရာများတွင် မီးသတ်ယာဉ်များ၊ မီးသတ်စက်များအား ဇက်ရေယာဉ်များပေါ်တွင် တင်ဆောင်ခြင်း၊ ပဲ့ထောင်များ၊ သမ္မာန်များပေါ်တွင် အပေါ့စားမီးသတ်စက်များတင်ဆောင်ခြင်းဖြင့် မြစ်၊ ချောင်းများမှ ရေကို တိုက်ရိုက်စုပ်ယူငြှိမ်းသတ်ရန်။
(ဌဌ) ခေတ်မီအရှည်ပေ(၁၀၀)ကျော်တံတားများပေါ်တွင် ရထား၊ ကားများ မတော်တဆမီးလောင်မှုဖြစ်ပေါ်ပါက မီးသတ်ယာဉ်များမှ တံတားပေါ်သို့ တိုက်ရိုက် တက်ရောက်ပြီး မီးလောင်သည့်ရထား/ကားများနှင့်အနီးဆုံး နေရာယူငြိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်ရန်။

 

 

Office Address and Location Map
Location Map: