Follow Us

ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဘောလုံးအားကစားသမားများအား ဝတ်စုံပေးအပ်

Thu, 10/13/2016 - 10:55

                                                                        ထားဝယ် အောက်တိုဘာ ၁၃
(၁၂.၁၀.၂၀၁၆) ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ထားဝယ်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ထားဝယ်မြို့နယ်ဘောလုံးအသင်းအားကစားသမားများအား ထရက်စုများပေးအပ်ခြင်း၊ အားပေးစကားပြောကြားခြင်း၊ အားကစားစိတ်ဓါတ်ဖြင့် အားသွန်ခွန်စိုက်ကြိုးစားပြိုင်ပွဲဝင်ရန်မှာကြားခဲ့ပြီး (၁၃၄၅) အချိန်တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်အတွင်း ဆောက်လုပ်လျက်ရှိသည့် ထားဝယ်မြို့နယ်အားကစားမှူးရုံး၊ အားကစားလေ့ကျင့်ကွင်း တွဲလျက်တည်ဆောက်ခြင်းဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။