Follow Us

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန

Thu, 10/13/2016 - 09:50

Vertical Tabs

About Topic

ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနဦးစီးဌာန၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

ရည်မှန်းချက်
 (၁) နိုင်ငံတော်၏အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေအခြေအနေကို တင်ပြရန်
 (၂) ဘဏ္ဍာရန်ပုံငွေအခြေအနေကို ကြိုတင်သိရှိပြီး လိုငွေပေါ်ပေါက်ပါက အချိန်မီ ဖြည့်ဆည်းနိုင်ရန် အစီအစဉ်များ ကြိုတင်ပြု လုပ်ရန်
 (၃) ရငွေနှင့်အသုံးစရိတ်အမျိုးမျိုးအတွက် စနစ်တကျစာရင်းပြုစုထိန်းသိမ်းရန်
 (၄) စီးပွားရေးစီမံကိန်းနှင့် အမြဲတမ်းဆက်စပ်မှု ရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်
 (၅) စီးပွားရေးစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့်အညီဘဏ္ဍာငွေများကို ခွဲဝေပေးရန်

လုပ်ငန်းတာဝန်များ
(၁) တနင်္သာရီတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အစီအစဉ်တွင် ပါဝင်သော ဌာနအဖွဲ့အစည်းများ၏ လက်ရှိဘဏ္ဍာရေးနှစ်၏ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံသည့် စာရင်းများ၊ ရှေ့လာမည့်ဘဏ္ဍာရေးနှစ်အတွက်ရသုံးခန့်မှန်းခြေငွေစာရင်းများကို တောင်းခံစိစစ်၍ စာရင်း များစုစည်းပေါင်းချုပ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှစိစစ်ပြီး တိုင်းဒေသကြီးလွှတ်တော် သို့ တင်ပြအတည်ပြုချက်ရယူခြင်း၊ တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပြီးသော ရသုံးခန့်မှန်း ခြေငွေစာရင်းများကို ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)မှတဆင့် ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်သို့တင်ပြခြင်း၊ ဘဏ္ဍာရေးကော်မရှင်မှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ဆက်လက်တင်ပြပြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အတည်ပြု ထောက်ခံချက်ရယူခြင်း၊ ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုပြီးသော ရသုံးခန့်မှန်းခြေငွေစာရင်းများကို ဘဏ္ဍာငွေအရအသုံးဆိုင် ရာဥပဒေအဖြစ် တိုင်းဒေသကြီး ဝန်ကြီးချုပ် လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီး အဆင့်ဌာနအဖွဲ့အစည်းများသို့ ဘဏ္ဍာရေးခွင့်ပြုမိန့်များ ထုတ်ပေးခြင်း၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်နေ သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီစာရင်းများ ရေးဆွဲခြင်း၊
(၂) တနင်္သာရီတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်တွင် ပါဝင်သော ဌာနအဖွဲ့ အစည်းများ၏ လစဉ်အမှန်ရငွေ၊ အသုံးစရိတ် များကို စုစည်းပေါင်းချုပ်ခြင်း၊ လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေကို ရုံးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြခြင်း၊
(၃) တနင်္သာရီတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာနအဖွဲ့အစည်းများ၏ လစဉ်ဘဏ္ဍာရန်ပုံငွေစာရင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး မြန်မာ့စီးပွားရေးဘဏ်မှပေးပို့သော ဘဏ်ရှင်းတမ်းများကို စုစည်းပေါင်းချုပ်ပြီး လစဉ်ဘဏ္ဍာရန်ပုံ ငွေစာရင်းများကို ပြုစု တင်ပြခြင်း၊

Office Address and Location Map
Location Map: