Follow Us

ကုသရေးဦးစီးဌာနရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Wed, 10/12/2016 - 15:12

Vertical Tabs

About Topic

ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်မှာ
၁။လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး
၂။လူတိုင်းရောဂါဘယကင်းရှင်းရေး တို့ဖြစ်ပါသည်။
ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရန်နည်းနာ(၃)ရပ်မှာ
 (၁)ကျေးလက်ဒေသအောက်ခြေအထိကျန်းမာရေးပညာပေးခြင်း
 (၂)ရောဂါကာကွယ်တားဆီးခြင်း
 (၃)ရောဂါဖြစ်ပွားလာလျှင်ထိရောက်စွာကုသမှုပေးခြင်းတို့ဖြစ်ပါသည်။

ကုသရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ
၁။ နိုင်ငံတော်အဆင့်နှင့် အခမ်းအနားများ၊ ပွဲတော်များနှင့် အခြားအစီအစဉ်များတွင် လိုအပ်ပါကကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်း။
၂။ နယ်စပ်ဒေသကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း။
၃။ နယ်စပ်ဒေသရှိဆေးရုံများ၏ ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးမြင့်မားလာစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၄။ ပြည်သူ့ဆေးရုံများရှိဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းအားဆောင်ရွက်ခြင်း။
၅။ ကျန်းမာရေးဌာနဆိုင်ရာအဆောက်အဦများတည်ဆောက်မှုလုပ်ငန်း၏ ဒီဇိုင်းနှင့် ခန့်မှန်းတွက်ချက်မှုနှင့် အရည်အသွေးထိန်းသိမ်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက် ခြင်း။
၆။ ပြည်သူ့ဆေးရုံများတွင် နိုင်ငံတကာအဆင့်မီရောဂါရှာဖွေရေးနှင့် ကုသရေးစက် ကိရိယာများတပ်ဆင်အသုံးပြုနိုင်ရေးအတွက် ရေတို/ရေရှည်စီမံချက်များရေးဆွဲကာအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၇။ ကုသမှုအရည်အသွေးမြင့်မားရေးကိုအထောက်အကူပြုစေမည့် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း။
၈။ ကုသမှုဆိုင်ရာစီမံခန့်ခွဲမှုသတင်းစနစ်၊ ဆေးနှင့်ဆေးပစ္စည်းသတင်းစနစ်ဆောင်ရွက်ခြင်း။
၉။ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ၊ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးဆောင်ရွက်ခြင်း။
၁၀။ နိုင်ငံတော်၏ကျန်းမာရေးမူဝါဒနှင့်အညီပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတိုးတက် ဖြစ်ထွန်းလာစေရန် ဆောင်ရွက်ခြင်း။
၁၁။ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၁၂။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေးအဖွဲ့၊ဆေးကုသရေးအဖွဲ့လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၁၃။ သွားကျန်းမာရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
၁၄။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ အရည်အသွေးထိန်းသိမ်းမြှင့်တင်ရေးအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီနိုင်ရေး ကြီးကြပ်ကွပ်ကဲခြင်း။
၁၅။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအားသတ်မှတ်ထားသောစည်းကမ်းချက်များနှင့် အညီလိုက်နာဆောင်ရွက်မှု ရှိ/မရှိစစ်ဆေးခြင်းနှင့် ကွပ်ကဲခြင်း။
၁၆။ မြန်မာနိုင်ငံအရေးပေါ်လူနာတင်စနစ်ပေါ်ပေါက်ရေးအတွက် သက်ဆို်င်ရာဌာနများပုဂ္ဂလိက/ ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ဆောင်ရွက်ခြင်း။
၁၇။ အရည်အသွေးပြည့်မီသောကျန်းမာရေးဓါတ်ခွဲစောင့်ရှောက်မှုနှင့် အန္တရယ်ကင်းသောသွေးများ စုဆောင်ဖြန့်ဖြူးရေးဆောင်ရွက်ခြင်း။
၁၈။ အမျိုးသားဆေးဝါးမူဝါဒထွက်ပေါ်လာနိုင်ရေးနှင့် အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်ခြင်း။

Office Address and Location Map
Location Map: