Follow Us

တိုင်းရင်းဆေးပညာဦးစီးဌာန၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Wed, 10/12/2016 - 14:26

Vertical Tabs

About Topic

ရည်မှန်းချက်များ
ရည်မှန်းချက် ( ၂ )ရပ်
(၁) လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး
(၂) လူတိုင်း ရောဂါဘယ ကင်းရှင်းရေး
နည်းနာ( ၃ )ရပ်
(၁) ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း
(၂) ရောဂါ ကာကွယ်တားဆီးခြင်း
(၃) ရောဂါဖြစ်ပွားလျှင်ထိရောက်စွာ ကုသမှုပေးခြင်း

လုပ်ငန်းတာဝန်များ
၁။ တိုင်းရင်းဆေးပညာဖြင့် ပြည်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် အောက်ခြေမှစ၍စနစ်တကျ အဆင့်ဆင့်တိုးမြှင့်ပါဝင်ဆောင်ရွက်ရန်။
၂။ မိရိုးဖလာသုံးစွဲခဲ့သော တိုင်းရင်းဆေးပညာကို စနစ်တကျသိပ္ပံနည်းကျကျဖော်ထုတ်လုပ်ဆောင်ရာတွင် ပြည်တွင်းမှ ထွက်ရှိသော ပရဆေး၊ ဓါတ်ဆေးနည်းနိသျှများကို အသုံးပြု၍ လူထုမှလွယ်ကူစိတ်ချလက်ခံနိုင်သော ကုသရေးအခြေခံများကို အသုံးချသွားရန်။
၃။ တိုင်းရင်းမြန်မာသမားတော်ကြီးများ ခေတ်အဆက်ဆက်သုံးစွဲခဲ့သည့် အစွမ်းထက်သောဆေးနည်းကောင်းများကို ဖော်ထုတ်ထိန်းသိမ်းသွားနိုင်ရန်နှင့် တိုင်းရင်းဆေးများကို ခေတ်နှင့်လျော်ညီစွာ သုတေသနပြုလုပ်၍ စံပြုသတ်မှတ် ဖော်ထုတ်ရန်။
၄။ တိုင်းရင်းဆေးပညာရှင်များ၏စည်းလုံးမှုကို အခြေခံ၍ တိကျမှန်ကန်သော တိုင်းရင်းဆေးပညာကုသမှုကို စနစ်တကျဖော်ထုတ်ရန်။
၅။ တိုင်းရင်းဆေးပညာနှင့်ပတ်သက်သော ဆေးကျမ်းများကို ရှာဖွေဖော်ထုတ်ရန်နှင့်ကျွမ်းကျင်သော တိုင်းရင်းဆေးဆရာများ မွေးထုတ်ပေးရန်။
၆။ တိုင်းရင်းဆေးပညာကို လူထုကတွင် ကျယ်စွာလက်ခံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်လာစေရန်နှင့် အနောက်တိုင်းဆေးပညာနှင့် အတူယှဉ်တွဲဆောင်ရွက်ရန်။
၇။ ပြည်တွင်းမှ ရရှိနိုင်သောသယံဇာတဆေးဝါးများကို တွင်ကျယ်စွာရရှိနိုင်ရေးနှင့်အသုံးချနိုင်ရေးများကို ဆောင်ရွက်ရန်။
၈။ အနာပေါက်အထူးကု၊ အကြောရောဂါအထူးကု၊ မီးယပ်ရောဂါအထူးကု၊ သူငယ်နာအထူးကုနှင့် အရိုးရောဂါအထူးကု စသောတိုင်းရင်းဆေးအထူးကု ဘာသာရပ်ကြီးများအာ ပြန်လည်ဖော်ထုတ်၍ စနစ်တကျအသုံးပြုရန်။
၉။ တိုင်းရင်းဆေးပညာကို နိုင်ငံတကာနယ်ပယ်တွင်ရင်ပေါင်တန်းပညာရပ်အဖြစ် ရပ်တည်နိုင်အောင်ဆောင်ရွက်ရန်။

Office Address and Location Map
Location Map: