Follow Us

တနင်္သာရီတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) အစည်းအဝေးကျင်းပ

Fri, 05/29/2020 - 23:20

ထားဝယ် မေ ၂၉

          ယနေ့ ၁၄၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊  တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းရှင် အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ခရီးသွား လုပ်ငန်းရှင်များအား သက်ဆိုင်ရာလုပ်ငန်းလိုင်စင်အပြင် လိုင်စင်အသစ်လဲလှယ်ခြင်းများအတွက် ပေးဆောင်ခြင်းကို တစ်နှစ်အတွက်ကင်းလွတ်ခွင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ COVID-19 ကြောင့် ဖြစ်ပေါ် လာနိုင်သော စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အတွင်း ဟိုတယ်(၈)လုံး၊ စားသောက်ဆိုင်လုပ်ငန်း(၆)ခုတို့အား ချေးငွေထုတ်ယူခွင့်ရရှိခဲ့ပြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကျဆင်းလျက်ရှိသော တိုင်းဒေသ ကြီး/ ပြည်နယ်များအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများအား  ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ညွှန်ကြားချက်များအား တိကျစွာလိုက်နာ၍ COVID-19 အလွန်ကာလ (ခန့်မှန်း)များအတွင်း  ဖွင့်လှစ်နိုင်ရန်  ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ အကြောင်းကြားထားပြီးဖြစ် ကြောင်း၊ နိုင်ငံအနှံ့အပြားတွင် ထိခိုက်ခံစားနေရသော COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုများ လျော့ပါးရေးအတွက် အတတ်နိုင်ဆုံးဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ များ ဖွင့်လှစ်ဆောင်ရွက်ရန် တင်ပြလာမှုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြား ထားသော ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါ သည်။

          ထိုနောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး က (၂/၂၀၂၀) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာလျှောက်ထားလာမှုကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာသူများမှ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား အထွေထွေဆွေးနွေး တင်ပြခဲ့ကြပြီး ဒေသဆိုင်ရာခရီးသွားလာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၆၂၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။