Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ခဲခြစ်ငွေဖြည့်ကတ်များ လာရောက်လှူဒါန်း

Fri, 05/29/2020 - 18:00

ထားဝယ် မေ ၂၉

ယနေ့ ၁၁၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ MPT ခဲခြစ်ငွေဖြည့်ကတ်တစ်ထောင်တန် (၁၀၀၀)ကတ်အား လာရောက်လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်  တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။