Follow Us

ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တစ်လမ်းမောင်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်

Wed, 10/12/2016 - 14:22

   

                                                                 

                                                                  ထားဝယ် အောက်တိုဘာ ၁၂
(၁၂.၁၀.၂၀၁၆)ရက်နေ့ (၀၈၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ဇရစ်ရပ်ကွက် စျေးတောင်ဘက်လမ်းတွင် တစ်လမ်းမောင်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးသောအဖွဲ့သည် သုံးဘီးဆိုင်ကယ်များ သတ်မှတ်နေရာများတွင် ထားရှိရေးနှင့် လမ်းအသုံးပြုသူများအား တစ်လမ်းမောင်းစနစ် အကြောင်းရှင်းပြခြင်း၊ လမ်းများပြသခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။