Follow Us

ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာန၏ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

Wed, 10/12/2016 - 13:36

Vertical Tabs

About Topic

ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

ရည်မှန်းချက်

၁။ နိုင်ငံတော်အတွက် မျိုးချစ်စိတ်ဓာတ်တို့ရှိပြီး၊ နိုင်ငံအကျိုးအပြင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားသည့် သူနာပြုကောင်းများ မွေးထုတ်ရန်။
၂။ ခေတ်မီတိုးတက်နေသော ဆေးပညာဘာသာရပ်နှင့် လိုက်လျောညီထွေသည့် သူနာပြုအတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာ သင်ကြား တတ်မြောက်သည့် အရည်အသွေးပြည့်ဝသည့် သူနာပြုကောင်းများ မွေးထုတ်ရန်။
၃။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ ဝတ်စားဆင်ယင်ပြောဆိုနေထိုင်တတ်ပြီး၊ သူနာပြုဂုဏ်သိက္ခာနှင့် ပြည့်စုံ သည့် သူနာပြုကောင်းများ မွေးထုတ်ရန်။   
၄။ အေးချမ်းတည်ငြိမ်သော ပညာသင်ကြားရေး ပတ်ဝန်းကျင်ရရှိစေရန်အတွက် ယခုလက်ရှိအခြေအနေထက် ပိုမိုကောင်းမွန် အေးချမ်းအောင် ပြုလုပ်ပေးရန်။
၅။ ကျောင်းသား/သူများ၏ပညာရေးစာတွေ့၊ လက်တွေ့သင်ကြားရေး လိုအပ်ချက်များ ကို တတ်ကျွမ်းသမျှ ဖြည့်ဆည်းပေးရန်။
၆။ အေးချမ်းစွာ ပညာသင်ကြားရေးအတွက် အားလပ်ချိန်များ၌ ကျောင်းသား/သူများနှင့် သင်ကြားရေးဆရာများတို့ သည် လက်တွဲညီညီဖြင့် ဘာသာရေး အသင်းအဖွဲ့များ၊ အားကစားအသင်းများ၊ စာပေအနုပညာအသင်းအဖွဲ့ စသည်များဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်ရန်။

လုပ်ငန်းတာဝန်များ

၁။ တည်ငြိမ်အေးချမ်းသာယာသော ပညာရေးဝန်းကျင် ဖန်တီးခြင်း။
၂။ ပျော်ရွှင်သော ပညာရေးနယ်ပယ်ဖြစ်အောင် ဆောင်ရွက်ပေးခြင်း။
၃။ ကြိုတင်ကာကွယ်ရေးနည်းစနစ်များ လုပ်ဆောင်ခြင်း။
၄။ သူနာပြုစုမှု အတတ်ပညာတွင်ကျွမ်းကျင်တတ်မြောက်ပြီး လက်တွေ့ကျကျ လုပ်ဆောင် နိုင်ရန် သင်ကြားပေးခြင်း။
၅။ မိမိအသက်မွေးဝမ်းကျောင်းပညာနှင့်ဆိုင်သော ခေါင်းဆောင်များနှင့် ပံ့ပိုးကူညီပေးသူများအား အပြန်အလှန် လေးစားမှုရှိခြင်း။
၆။ လုပ်ဖော်ကိုင်ဖက်များနှင့် သူနာပြုလောင်းများအတွက် စံပြပုဂ္ဂိုလ်ဖြစ်အောင် မြှင့်တင် ပေးခြင်း။
၇။ ခိုင်လုံသော သက်သေအထောက်အထားများဖြင့် လက်တွေ့ပြုစုသင်ကြားရာတွင် အကောင်း ဆုံးဖြစ်အောင် မြှင့်တင်ပေးခြင်း။
၈။ ပြောင်းလဲနေသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် လိုက်လျောညီထွေမှုရှိအောင် လျှင်မြန်ဖြတ်လတ် စွာ ဆောင်ရွက်တတ်ခြင်း။
၉။ သင်ရိုးညွှန်းတမ်းများအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် မြှင့်တင်ပေးခြင်း။

ဦးစီးဌာန၏လုပ်ငန်း/အကြောင်းအရာအလိုက်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ

- အရည်အသွေးပြည့်မှီသော သူနာပြုလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါသည်။
- သူနာပြုဒီပလိုမာ (၃)နှစ်သင်တန်းနှင့် သားဖွား (၂)နှစ်သင်တန်း။
- လုပ်ငန်းခွင်သားဖွားမှ သူနာပြုဒီပလိုမာသင်တန်း။
- အမျိုးသမီးကျန်းမာရေးဆရာမ (၉)လသင်တန်း။
- သူနာပြုသိပ္ပံဘွဲ့ပေါင်းကူး (၂)နှစ်သင်တန်းနှင့် အထူးပြုသူနာပြုဒီပလိုမာ (၉)လသင်တန်း။
- သူနာပြုမဟာသိပ္ပံဘွဲ့ (၂)နှစ်သင်တန်း။
- သူနာပြုပါရဂူဘွဲ့ (၃)နှစ်သင်တန်း။

Office Address and Location Map
Location Map: