Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ ၊ လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံလမ်းညွှန်မှာကြား

Wed, 10/12/2016 - 13:12

ကော့သောင်းအောက်တိုဘာ  ၁၁ရက် 
       တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျှက် အောက်တိုဘာလ(၁၁)ရက် နံနက်ပိုင်းကကော့သောင်းမြို့၊ မြို့မစျေးသို့ရောက်ရှိပြီး စျေးသန့်ရှင်းသန့်ရပ်ရေး ၊ စျေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများအားလိုက်လံ ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများသို့ လိုအပ်ချက်များအား လမ်းညွှန်မှာကြားသည်။  
      ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဂျပန်နိုင်ငံ၏တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့ဆိုင်ရာချေးငွေ(Jica)ဖြင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ကာ(RoadMasterCo.,Ltd)မှတာဝန်ယူ ဆောင်ရွက်လျှက်ရှိသည့်မြို့သောက်သုံးရေပေးဝေရေး၊ဘုရင့်နောင်ကုန်းဂါလံ(၆၀၀၀၀)ဆန့် ရေစုကန် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလိုက်လံကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့်ရေလှောင်ကန်ကြံ့ခိုင်မှုလိုအပ်ချက်များအားတာဝန်ရှိသူများသို့လမ်းညွှန်မှာကြားသည်။
    ယင်းနောက် ဝန်ကြီးချုပ်သည် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမတွင် ဒေသခံဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင် များနှင့်တွေ့ဆုံရာ ဒေသ စီးပွားရေးပြန်လည် ဦးမော့လာရေးဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အားဦးစားပေးဆောင်ရွက်ကြရေး ၊ကမ်းရိုးတန်းဒေသသာယာ လှပသည့် ပင်လယ်ကျွန်းများအားအခြေခံကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းရင်းသားလုပ်ငန်းရှင်များမှရှာဖွေဖေါ်ထုပ်လုပ်ကိုင်ကြရေး၊ခရီးသွား ဧည့်သည်များပင်လယ်ကျွန်းခရီးစဉ်များသွားလာလည်ပတ်မှုအဆင်ပြေစေရေး Speed boat များဝယ်ယူတင်သွင်းလုပ်ကိုင်မှု အခြေအနေများ ၊ခရီးသွားဧည့်သည် များပင်လယ်အတွင်း လည်ပတ်ရင်းလှပသာယာသည့်ကျွန်းများတွင် ခေတ္တအနားယူ အပန်းဖြေနိုင်ရန် Shelter များတည်ဆောက်အကောင်အထည်ဖေါ်မည့် လုပ်ငန်းစဉ်များအားအကြံပြု လမ်းညွှန်မှာကြားပြီး လုပ်ငန်းရှင်များ၏တင်ပြချက်များအပေါ် တာဝန်ရှိအဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    ဆက်လက်၍ ဝန်ကြီးချုပ်သည် မြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး၊ ကော့သောင်းမြို့သည်နယ်စပ်မြို့ဖြစ်၍ မဟာဗျူဟာအရ လုံခြုံရေးအရေးကြီးသဖြင့် ညအချိန် မြို့ရွာ တည်ငြိမ်လုံခြုံ အေးချမ်းရေး မြို့တွင်းလမ်းမီးများ ပြတ်တောက်မှုမဖြစ်ပေါ်စေရေး  ၊ ဓါတ်အားသုံးစွဲသူ ပြည်သူများ အဆင်ပြေစိတ်ချမ်းသာစေရန် လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်စဉ်များနည်းပါးစေရေး ဆောင်ရွက်ပေးကြရန် ၊ မြို့ရွာအတွင်း ပြည်သူများလျှပ်စစ်အန္တရာယ် မဖြစ်ပေါ်ရေးလုပ်ငန်းအစီအမံများ ချကာ ပြည်သူများသို့အသိပညာပေးခြင်းများဆောင်ရွက်ကြရေးလမ်းညွှန်မှားကြားပြီးလုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။
သတင်းရေးသားပေးပို့သူကျော်စိုး (ကော့သောင်း-IPRD)