Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကော့သောင်းမြို့ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများစွမ်းရည်မြှင့်သင်တန်း (၂/ ၂၀၁၆ ) ဖွင့်ပွဲအခမ်းအနားတက်ရောက်

Wed, 10/12/2016 - 12:27


ကော့သောင်း ၊ အောက်တိုဘာ ၁၁ ရက် 
    ကော့သောင်းမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၁၆)ဖွင့် ပွဲအခမ်းအနားအားအောက်တိုဘာလ ၁၁ ရက်နေ့ နံနက်(၉)နာရီကကော့သောင်းမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ကျင်းပရာတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲ့လဲ့မော်တက်ရောက်သင်တန်းဖွင့်အမှာစကားပြောကြားသည်။
    အဆိုပါသင်တန်းအားကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကျေးစာရေးဝန်ထမ်းများ ၊ ရပ်ကွက် (၁၃)ခု နှင့် ကျေးရွာအုပ်စု (၂၇)အုပ်စုမှ အုပ်ချုပ်ရေးမှူး (၅၃)ဦးအားရပ်ရွာအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ နှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီလုပ်ကိုင်ဆောင်ရွက်ရာတွင်   ပြည်ထဲရေးဝန်ကြီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန UNDP တို့ပူးပေါင်းညှိနှိုင်းဖွင့်လှစ်သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလာရေးနည်းပြအရာရှိသင်တန်း (TOT) တက်ရောက်ခဲ့သည့် နည်းပြအရာရှိများ နှင့် ဌာနဆိုင်ရာသင်တန်းဆရာများ မှ ပြည်သူပူးပေါင်းပါဝင်သောဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်း ၊ အမျိုးသမီးအုပ်ချုပ်ရေး နှင့် လုံခြုံရေး၊ ခေါင်းဆောင်မှု ၊ လူထုစည်းရုံးခြင်း နှင့် ပြောဆိုဆက်သွယ်ခြင်း ၊ ပဋိပက္ခဖြေရှင်း ခြင်းနှင့် ဌာနဆိုင်ရာများ၏ဥပဒေ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းများအားသင်တန်းကာလ (၅) ရက်ပို့ချ ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းရေးသားပေးပို့သူကျော်စိုး (ကော့သောင်း )