Follow Us

အားကစားနှင့် ကာယပညာဦးစီးဌာန

Wed, 10/12/2016 - 11:35

Vertical Tabs

About Topic

ဦးစီးဌာန၏ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ

ရည်မှန်းချက်
(က) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး
(ခ)  မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေး
(ဂ)  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး
(ဃ) အရှေ့တောင်အာရှမှ အာရှ၊ အာရှအဆင့်မှ ကမ္ဘာအဆင့် တက်လှမ်းနိုင်အောင် ကြိုးပမ်းရေး

လုပ်ငန်းတာဝန်များ
(က) လူရွေးချယ်ရေး ဆောင်ရွက်ရန်
(ခ)  အားကစားကွင်း/ကစားရံ ထိန်းသိမ်းရေး ဆောင်ရွက်ရန်
(ဂ)  ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပရေး ဆောင်ရွက်ရန်
(ဃ) ဦးစီးဌာနမှ ကျင်းပသည့် ပြည်နယ်/တိုင်းအားကစားပြိုင်ပွဲများ အတက်နိုင်ဆုံး မပျက်မကွက် ပါဝင်ယှဉ်ပြိုင်ရေး ဆောင်ရွက်ရန်
(င)  စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းမြင့်မားရေး ဆောင်ရွက်ရန်

 ဦးစီးဌာနလုပ်ငန်းအကြောင်းအရာအလိုက် ဆောင်ရွက်လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
     အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ရုံး၏ လမ်းညွှန်မှုကိုခံယူကာ လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။
     နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေး၊ ပြည်တွင်းအားကစားပြိုင်ပွဲများ တာဝန်ယူကျင်းပခြင်း၊ အပြည်ပြည်ဆိုင်ရာအားကစားပြိုင်ပွဲများအတွက် ရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်းတို့ကို အဓိကတာဝန်ယူဆောင်ရွက်သွားနိုင်ရန် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပါသည်။ အဆိုပါ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအားလုံးသည် “မူ”အားဖြင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်မှုကိုခံယူကာ လုပ်ငန်းများဆောင်ရွက်ရသကဲ့သို့ အပြည်ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့်လည်းဆက်သွယ်ကာ အခြားနိုင်ငံများသို့ အားကစားအဖွဲ့များ စေလွှတ်ယှဉ်ပြိုင်ခြင်း၊ ဒေသတွင်းအားကစားပြိုင်ပွဲများကို လက်ခံကျင်းပခြင်း၊ မိမိတို့အားကစားနည်းအလိုက် အားကစားသမားများ၏ စံချိန်၊ စံညွှန်းအရည်အသွေးများကို တရားဝင်အသိမှတ်ပြုခြင်း၊ စည်းမျဉ်း/စည်းကမ်းဥပဒေများရေးဆွဲခြင်း စသည့်လုပ်ငန်းများကို (INTERNATION  SPORTS  FEDERATION)နှင့်လည်း တရားဝင်ဆက်သွယ်မှုများ ပြုလုပ်ထားပါသည်။
     မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များကို ၁၉၉၃ ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့စွဲပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၆/၉၃)ဖြင့် ပြဌာန်းပေးခဲ့သည့် မြန်မာနိုင်ငံအမျိုးသားအိုလံပစ်ကောင်စီ ဥပဒေအခန်း(၇) အရ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် (၄၈)ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ပါသည်။
     တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနများအနေဖြင့် ဒေသတွင်း အားကစားပြိုင်ပွဲများကျင်းပခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကျင်းပခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းသားများ ရွေးချယ်၊ လေ့ကျင့်စေလွှတ်ခြင်း၊ နွေ-မိုး-ဆောင်းအားကစားသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ခြင်းတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ လမ်းညွှန်မှုကိုခံယူကာ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။

 

Office Address and Location Map
Location Map: