Follow Us

လူမှုဝန်ထမ်းဦးစီးဌာန

Wed, 10/12/2016 - 11:12

Vertical Tabs

About Topic

ဦးစီးဌာန၏ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ
၁။ လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် 
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏လက်အောက်ရှိ ဌာနတစ်ခုဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ ချမှတ်ထားသည့် လူမှုဝန်ထမ်းလုပ်ငန်းဆိုင်ရာလုပ်ငန်းမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ လူမှုဝန်ထမ်းဆိုင်ရာ မူဝါဒများသည် ပြည်သူများအား လူမှုရေးဆိုင်ရာအခွင့်အရေးများ တန်းတူညီမျှရရှိစေမှုကို အခြေခံသောမူဝါဒဖြစ်ပါသည်။

မူဝါဒ
(၁) လူမှုရေးပြသာနာများကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ ဘောင်အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့နေထိုင်စေခြင်း စသည့်လူမှုဝန်ထမ်းဆိုင်ရာနည်းလမ်းများဖြင့်ဆောင်ရွက်ရမည်။
(၂) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် ပညာရည်မြင့်မားရေးတွင် လူမှုရေးချို့တဲ့သူများလည်း ပါဝင်စွမ်းဆောင်နိုင်စေရမည်။
(၃) နိုင်ငံသားတိုင်း မြန်မာ့ရိုးရာအစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ၂၁ ရာစုတွင် လူမှုရေးစနစ်စံနမူနာအဖြစ် ရောက်ရှိစေရမည်။
(၄) လူမှုဝန်ထမ်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လူမှုရေးတာဝန်များကို ထမ်းဆောင်နိုင်မည့် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုဖြင့် ရယူဆောင်ရွက်သွားမည်။

ရည်ရွယ်ချက်
(၁) တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် လူမှုရေးဦးတည်ချက်ကို အထောက်အကူဖြစ်စေရန်။
(၂) လူ့စွမ်းအားအရည်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်။
(၃) လူမှုရေးချို့တဲ့သူများအား လူမှုဝန်ထမ်းနည်းလမ်းများဖြင့် အကူအညီပေးရန်။
(၄) မလိုလားအပ်သောလူမှုရေးပြသာနာများ မပေါ်ပေါက်စေရေးအတွက် ကြိုတင်ကာကွယ်ပေးရန်။
(၅) လူမှုရေးတာဝန်များကို ထမ်းဆောင်နိုင်မည့် စေတနာ့ဝန်ထမ်းလုပ်သားပြည်သူများအား စည်းရုံးဖော်ထုတ်ရန်။
(၆) လူမှုရေးဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်လာစေရန်။

လုပ်ငန်းရပ်များ
(၁) ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း
(၂) ကလေးနှင့် လူငယ်စောင့်ရှောက်ရေးလုပ်ငန်း
(၃) အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်း
(၄) သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း
(၅) မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း
(၆) မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း
(၇) စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း
(၈) လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး
(၉) လူမှုကာကွယ်ရေးလုပ်ငန်း

Office Address and Location Map
Location Map: