Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ် ပြန်လည် ပို့ဆောင်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Thu, 04/30/2020 - 22:53

ထားဝယ် ဧပြီ ၃၀

          ယနေ့ ၁၄၀၀ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီးအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပိုဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီးအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ  တက်ရောက်ခဲ့ ပါသည်။

          အစည်းအဝေးတွင် တိုင်းဒေသကြီးအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ တွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော တိုင်းဒေသကြီးအတွင်းသို့ နေရပ်ပြန်အလုပ်သမားများ သည် မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် နေရပ်ပြန်အလုပ်သမားများကို စိစစ်လက်ခံကြိုဆိုရေးအဖွဲ့(ရုံးအဖွဲ့) ဖွဲ့စည်းထားရှိရန်လိုအပ် ပါကြောင်း၊ ပို့ဆောင်ရေးကဏ္ဍတွင်လည်း ဌာနဆိုင်ရာများမှ ပို့ဆောင်ရေးအဖွဲ့ ဖွဲ့စည်းထားရှိရန် လိုအပ်ပါကြောင်းနှင့် ပို့ဆောင်ရန်အတွက် ကား (၅)စီး လိုအပ်လျက်ရှိပါကြောင်းနှင့် ခေတ္တတည်းခိုမည့် နေရာနှင့် ပို့ဆောင်ရေးတွင် အချိတ်ဆက်မိမိဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားထားပါကြောင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေး နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ အပြန်အလှန် ဆွေးနွေးတင်ပြပေးရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး က မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကာ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် အဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ် လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က နိဂုံးချုပ်အမှာစကားပြောကြားကာ ၁၅၅၀ နာရီအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။