Follow Us

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

Wed, 04/29/2020 - 21:02

ထားဝယ် ဧပြီ ၂၉

          ယနေ့ ၁၁၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် COVID-19  ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ထားဝယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ နှင့် COVID-19  ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ)များ တက်ရောက်ခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် Volunteer အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများအား နိုင်ငံတော် အစိုးရမှ ညွှန်ကြားချက်များ ချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လက်ရှိ ဆောင်ရွက်နေသော Volunteer အရေအတွက်အားဖြင့် (၄၁၄၄) ဦး ရှိပါကြောင်းနှင့် ဆန္ဒပြုထားသော Volunteer များလည်းရှိပါကြောင်း၊ Volunteer များအနေဖြင့် တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာသော ကပ်ဘေးနှင့် သဘာဝဘေး ဖြစ်စဉ်များအား ဟန်ချက်ညီညီဖြင့် နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများအတိုင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် COVID-19  ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ)များမှ Quaratine Center များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ နေရပ်ပြန်လာမည့် နိုင်ငံသားများ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ထားဝယ်ဒေသတွင်း COVID-19  ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များအား ဆွေးနွေးပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်အမှာစကားပြောကြားကာ ၁၃၀၀ နာရီ အချိန်တွင် ဆွေးနွေးပွဲပြီးမြောက် ခဲ့ကြောင်း သတင်းရရှိပါသည်။