Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေ လာရောက်လှူဒါန်း

Mon, 04/27/2020 - 22:25

ထားဝယ် ဧပြီ ၂၇

ယနေ့ ၁၅၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွက်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၉)၊ တနင်္သာရီတိုင်းဒေသကြီးရုံးအား အမှူးထား၍ ကြယ်စင်မေတ္တာ၊ Family Nest ၊ Civil & Hydraulic Engineering ၊ သုခထိုက်စံ စသည့် ကုမ္ပဏီလီမိတက်တို့မှ အလှူငွေ ကျပ်သိန်း(၃၀)အား လာရောက်လှူဒါန်းရာ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။