Follow Us

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန

Wed, 10/12/2016 - 10:35

Vertical Tabs

About Topic

ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

(က) သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်ပေါ်တတ်သောဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားကြရသည့် ပြည်သူများအား လတ်တလော စားဝတ်နေရေး ပြေလည်စေရေးအတွက် ကူညီထောက်ပံ့ခြင်း။
(ခ) မြစ်နှင့်ပင်လယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ် တစ်ရပ်ရပ်ကြောင့် သော်လည်းကောင်း၊ ပြည်တွင်း/ပြည်ပ နယ်မြေရပ်ခြားများသို့ ရောက်ရှိသွားကြသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်း။
(ဂ) လူတို့ကြောင့်ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင် ပြောင်းရွှေ့ကြသူများ၊ လုံခြုံစိတ်ချရမှု မရှိသော နယ်မြေအတွင်းမှ ပြန့်ကျဲနေသောအိမ်ခြေများအား အခြားလုံခြုံသောဒေသသို့ စုစည်းပြောင်းရွှေ့ရသော ပြည်သူများအား ထောက်ပံ့မှုပေးခြင်း။
(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့်သော်လည်းကောင်း၊ ပိုးမွှားတိရစ္ဆာန်များဖျက်ဆီးခြင်းကြောင့် သော်လည်းကောင်း စိုက်ပျိုးထားသောသီးနှံများ ပျက်စီးသဖြင့် ငတ်မွတ်ခေါင်းပါးဘေး ကျရောက်သူများအား ထောက်ပံ့မှုပေးခြင်း။
(င) သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသမှ ဘေးသင့်ပြည်သူများ ကောင်းမွန်သော လူနေမှုဘဝရရှိစေရေးအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အစိုးရဌာနများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း။
(စ) သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးလုပ်ငန်းများ၊ သင်တန်းများနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။

လုပ်ထုံးလုပ်နည်းများ

(က) ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ထောက်ပံ့ခြင်း
      သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် နေအိမ်များလုံးဝပျက်စီးပြီး ထိခိုက်နစ်နာဆုံးရှုံးမှုခံစားရသော ဘေးသင့်သူများကို အောက်ပါကယ်ဆယ်ရေး ပစ္စည်း (၉)မျိုးအား ထောက်ပံ့ပေးလျက်ရှိပါသည်-
    (၁) ကျားဝတ်လုံချည် - ၁ ထည်
    (၂) မဝတ်လုံချည် - ၁ ထည်
    (၃) တီရှပ် - ၂ ထည်
    (၄) မျက်နှာသုတ်ပဝါ - ၁ ထည်
    (၅) စောင် - ၁ ထည်
    (၆) ၂ယောက်အိပ်ခြင်ထောင် - ၁ လုံး
    (၇) ဒန်အိုး - ၁ လုံး
    (၈) ဇလုံ - ၁ လုံး
    (၉) ကာဘော်လိပ်ဆပ်ပြာ - ၁ တောင့်

( ခ ) ကယ်ဆယ်ရေးပစ္စည်း(၄)များ ထောက်ပံ့ခြင်း
        သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် မိမိနေထိုင်ရာနေအိမ်မှ ဘေးလွတ်ကင်းရာသို့ ခေတ္တပြောင်းရွှေ့နေထိုင်ရခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်များ အမိုးလန်ပျက်စီးခြင်း၊ ကမ်းပြိုမှုကြောင့် ကြိုတင်ပြင်ဆင်အိမ်ဖျက်ပြောင်းရွှေ့ ရခြင်း၊ သဘာဝဘေးကြောင့် နေထိုင်ရာအိမ်အသုံးအဆောင်ပစ္စည်းများဆုံးရှုံးမှု အထူးနည်းပါးသည့်အခြေအနေများတွင် အောက်ပါကယ်ဆယ်ရေးပစ္စည်း(၄)မျိုးအား ထောက်ပံ့ပေး လျက်ရှိပါသည်-

    (၁) ကျားဝတ်လုံချည်    ၁ ထည်
    (၂) မဝတ်လုံချည်    ၁ ထည်
    (၃) မျက်နှာသုတ်ပဝါ    ၁ ထည်
    (၄) ကာဘော်လိပ်ဆပ်ပြာ    ၁ တောင့်
    သံဃာတော်များအတွက် သင်္ဃန်းဒွိစုံ(၁)စုံ၊ သီလရှင်များအတွက် ကိုယ်ရုံ(၁)ထည် ထောက်ပံ့ပေးအပ်ပါသည်။

( ဂ ) ဆန်ဖိုးထောက်ပံ့ပေးခြင်း
    ဆန်ရိက္ခာအား ကလေး/လူကြီးမခွဲခြားဘဲ (၁)ရက်လျှင် ဆန်နို့ဆီဗူး(၂)ဗူးနှုန်း၊ ထောက်ပံ့ပေးပြီး (၁)ကြိမ်ထောက်ပံ့ပါက ဆန်(၃)ရက်စာနှုန်းဖြင့် (၂)ကြိမ်ထောက်ပံ့နိုင်ပြီး (၇)ရက်စာနှင့်အထက် ဆန်ထောက်ပံ့ရန်လိုအပ်ပါက ဝန်ကြီးရုံးသို့တင်ပြ၍ ခွင့်ပြုချက်ရယူထောက်ပံ့ပေးခြင်း၊ ဆန်ထောက်ပံ့ ရာတွင် သယ်ယူပို့ဆောင်ရေးအဆင်ပြေစေရန်အတွက် ဆန်ရိက္ခာအစား ငွေသားကိုသာထောက်ပံ့ပေးပြီး (၂၄)ပြည်ဝင်(၁)အိတ်လျှင် (၂၈၈၀ဝိ/-)နှုန်း (တစ်ပြည်လျှင်-၁၂၀ဝိ/-နှုန်း)ဖြင့် ထောက်ပံ့ခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။

(ဃ) သေဆုံးသူထောက်ပံ့ကြေးပေးအပ်ခြင်း
    ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ သဘာဝဘေးကြောင့် သေဆုံးသူများအတွက် လူကြီး/ကလေးမခွဲခြားဘဲ (၁၀၀၀၀ဝိ/-)နှုန်းဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သီးခြားအလှူငွေမှ ထောက်ပံ့ပေးလျက်ရှိပါသည်။

( င ) အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ခြင်း
    ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဘေးသင့်ပြည်သူများ၏ လတ်တလောသက်သာချောင်ချိရေးနှင့် အသင့်အတင့်လုံလောက်မှုရှိစေရန်အတွက် (၁၄-၅-၂၀၁၅)ရက်နေ့မှစ၍ ထောက်ပံ့မှုနှုန်းထားသစ်များကို အောက်ပါအတိုင်းတိုးမြှင့်ထောက်ပံ့ခဲ့ပါသည်-
    (က) မီးဘေးသင့်အိမ်(၁)လုံး(တိုက်အိမ်)(လုံးဝပျက်စီး)    ၂၀၀၀၀၀/-
    (ခ) မီးဘေးသင့်အိမ်(၁)လုံး(သွပ်မိုး/ပျဉ်ကာ)(လုံးဝပျက်စီး)    ၁၀၀၀၀၀/-
    (ဂ) မီးဘေးသင့်အိမ်(၁)လုံး(ဓနိမိုး/ထရံကာ)(လုံးဝပျက်စီး)    ၅၀၀၀၀/-
    (ဃ) အခြားဘေးသင့်အိမ်(၁)လုံး (လုံးဝပျက်စီး)    ၅၀၀၀၀/-
    (င) ဘာသာရေးကျောင်း(မီးဘေး)(လုံးဝပျက်စီး)    ၂၀၀၀၀၀/-
    (စ) ဘာသာရေးကျောင်း(အခြားဘေး)(လုံးဝပျက်စီး)    ၆၀၀၀၀/

ထောက်ပံ့မှုတောင်းခံရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ
(က) ဘေးသင့်ပြည်သူများသို့ ထောက်ပံ့ပေးရန်အတွက် ရုံးချုပ်သို့ခွင့်ပြုမိန့်တင်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ စိစစ်တင်ပြစာနှင့်အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တင်ပြလာသည့် ပဏာမအစီရင်ခံစာ၊ သက်ဆိုင်ရာအစိုးရအဖွဲ့၏ ထောက်ပံ့ပေးရန် အကြောင်းကြားစာများပါရှိရ ပါမည်။
(ခ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှပေးပို့သည့် ပဏာမအစီရင်ခံစာများတွင် အိမ်အမျိုးအစားနှင့် ဆုံးရှုံးမှုတန်ဖိုးများမပြည့်စုံပါက စိစစ်၍ပြန်လည် တောင်းခံရပါမည်။
(ဂ) ဘေးကြောင့်ပျက်စီးဆုံးရှုံးသွားသော အိမ်အမျိုးအစားပေါ်မူတည်၍ အိမ်ဆောက်ပစ္စည်းဖိုးငွေ ထောက်ပံ့ရမည့်နှုန်းကို ဦးစီးမှူးရုံးများမှ စိစစ် တင်ပြရပါမည်။
(ဃ) သေဆုံးသူများအတွက် ထောက်ပံ့ငွေခွင့်ပြုမိန့်တောင်းခံရာတွင် သက်ဆိုင်ရာအစိုးရအဖွဲ့၏ ထောက်ပံ့ပေးရန်အကြောင်းကြားစာ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ထောက်ခံချက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး၏ထောက်ခံချက်၊ အိမ်ထောင်စု လူဦးရေစာရင်းများနှင့်တကွ ပြည့်စုံစွာတင်ပြရပါမည်။
(င) တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများတွင် ပိတ်သိမ်းရမည့်အမှုတွဲများအား တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများတွင်သာ အမှုပိတ်သိမ်း ရပါမည်။ အမှုတွဲများကို သတ်မှတ်ကာလဖြစ်သော တစ်လခွဲအတွင်း ပိတ်သိမ်းနိုင်ရေးဆောင်ရွက်ရပါမည်။

Office Address and Location Map
Location Map: