Follow Us

စည်ပင်သာယာရေးအဖွဲ့

Wed, 10/12/2016 - 10:09

Vertical Tabs

About Topic

စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်ချက်များ

မြို့နယ်/မြို့စည်ပင်သာယာရေးအဖွဲ့များသည် စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ ပုဒ်မ-၉ အရ အောက်ဖော်ပြပါလုပ်ငန်းတာဝန် (၄၁)ချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

(က) မြို့ပြစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊
(ခ ) ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဂ ) သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဃ) အမှိုက်သိမ်းဆည်းခြင်း၊ အမှိုက်စွန့်ပစ်ခြင်းများကို စနစ်တကျဆောင်ရွက်ခြင်း၊
(င ) မိလ္လာလုပ်ငန်းအား မြို့ပြနှင့်ကျေးလက်တို့တွင် ခေတ်မီမိလ္လာကန်၊ ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲစေခြင်း၊
(စ ) ရေစီးရေလာနှင့် ရေဆိုးထုတ်စနစ်များ ကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊
(ဆ) လမ်းမီးပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်စေခြင်း၊
(ဇ ) စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတည်ထောင်ခြင်း၊ ကြီးကြပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(စျ ) ပုဂ္ဂလိကပိုင်စျေးများ တည်ထောင်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊
(ည) ကျွဲ၊ နွားပွဲစျေးများ တည်ထောင်ခြင်း၊ ကြီးကြပ်ခြင်း၊
(ဋ ) လမ်းဘေးစျေးဆိုင်များ ကြီးကြပ်ခြင်း၊
(ဌ ) မုန့်ဖိုများ၊ စားသောက်ဆိုင်များ ကြီးကြပ်ခြင်း၊
(ဍ ) အန္တရာယ်ရှိစေနိုင်သောလုပ်ငန်းများ ကြီးကြပ်ခြင်း၊
(ဎ ) မီးဘေး၊ ရေဘေး၊ လေဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဏ) သားသတ်ရုံများတည်ထောင်ခြင်း၊ စားသုံးရန် ခြေလေးချောင်းတိရစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုခြင်း၊ အသားရောင်းချခြင်းတို့ကို ကြီးကြပ်ခြင်း၊
(တ) ကူးတို့လုပ်ငန်းများ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊
(ထ) အပေါင်ဆိုင်လုပ်ငန်းများ ကြီးကြပ်ခြင်း၊
(ဒ ) အနှေးယာဉ်များ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊
(ဓ ) လမ်း၊ တံတားများတည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(န ) လမ်းစည်းကမ်းနှင့် လမ်းအသုံးချမှုသတ်မှတ်ခြင်း၊ လမ်းအမည်သတ်မှတ်ခြင်း၊ အဆောက်အအုံအမှတ် သတ်မှတ်ခြင်း၊
(ပ ) စည်ပင်သာယာရေးအဖွဲ့ပိုင် အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(ဖ ) မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပုဂ္ဂလိကပိုင်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊
(ဗ ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြို့စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ ကျေးလက်ဒေသတို့တွင် နယ်နိမိတ်ပိုင်းခြားသတ်မှတ်၍ ယင်းနယ်နိမိတ်အတွင်း ပုဂ္ဂလိကပိုင်အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊
(ဘ) ကျူးကျော်အဆောက်အအုံများ ဖျက်သိမ်းခြင်း၊
(မ ) တည်းခိုခန်းများဖွင့်လှစ်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊
(ယ) မြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူခြင်းတို့ကို ကြီးကြပ်ခြင်း၊ တိရစ္ဆာန်အသေကောင်များကို သုတ်သင်ရှင်းလင်းစေခြင်း၊
(ရ ) လေလွင့်သွားလာနေသော ရူးသွပ်သူ၊ ကုဌနူနာရောဂါစွဲကပ်သူနှင့် တောင်းရမ်းစားသောက်သူများကိုဖမ်းဆီး၍ သက်ဆိုင်ရာသို့အပ်နှံခြင်း၊
(လ) လေလွင့်သွားလာနေသော တိရစ္ဆာန်များကိုရှင်းလင်းခြင်း၊ ဖမ်းဆီးထိန်းသိမ်းစီမံခန့်ခွဲခြင်း၊
(၀ ) ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ ရေကူးကန်၊ ရေချိုးဆိပ်၊ အပန်းဖြေနေရာများတည်ထောင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(သ) သုဿန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် သဂြိုလ်စက်များတည်ထောင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(ဟ) နိဗ္ဗာန်ယာဉ်နှင့် နာရေးပို့ဆောင်မည့်လမ်းကြောင်းများ သတ်မှတ်ပေးခြင်း၊
(ဋ္ဌ ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သုဿန်များဖျက်သိမ်းခြင်း၊
(အ) အများပြည်သူအကျိုးပြု၊ အခြားစည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(ကက) တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခါအားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ခြင်း၊
( ခခ ) ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ် ရပ်နားစခန်းများ တည်ထောင်ဖွင့်လှစ် စီမံခန့်ခွဲခြင်း၊
( ဂဂ ) မြို့သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ပျိုးဥယျာဉ်များတည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(ဃဃ) ပြည်သူ့ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
( ငင ) ပွဲရုံလုပ်ငန်းများ၊ ကုန်စည်ဒိုင်များလုပ်ကိုင်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊
( စစ ) ကုန်စည်ပြပွဲများ၊ စျေးရောင်းပွဲတော်နှင့် အရောင်းပြခန်းများ ကျင်းပရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဆဆ) စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာများအား စစ်ဆေးခြင်း၊
( ဇဇ ) စီးပွားရေးကြော်ငြာဆိုင်းဘုတ်များကို သတ်မှတ်ပေးသည့်အတိုင်း စိုက်ထူစေခြင်း။

အထက်ဖော်ပြပါ လုပ်ငန်းတာဝန် (၄၁)ချက်အပြင် ဖော်ပြပါ မြို့သာယာလှပရေး (၁၆)ချက်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။

မြို့များ သန့်ရှင်း၊ သပ်ရပ်၊ သာယာလှပမှုရှိရေးအတွက်ဆောင်ရွက်ရန် (၁၆) ချက်
၁။    မြို့တွင်းလမ်းများကောင်းမွန်ရေးဆောင်ရွက်ရန်၊ မြို့တွင်းလမ်းများတွင်အပေါက်များ၊ လှိုင်းများ၊ ချိုင့်ခွက်များ မရှိစေရန်။
၂။    လမ်းပခုံးများအား လမ်းနှင့်လိုက်လျောညီထွေစေရန်အတွက် ညီညာစွာဖို့ထားရန်။
၃။    လမ်းဘေးရေမြောင်းများ၊ ရေစီးရေလာကောင်းမွန်စေပြီး ရေနုတ်မြောင်းများအတွင်း အမှိုက်များ၊ ရေဆိုးများ ရှိမနေစေရန်။
၄။    လမ်းဘေးတွင် ပန်းအလှပင်များ စိုက်ပျိုးထားပြီး ပန်းများဝေဆာစွာ ဖူးပွင့်နေစေရန်။
၅။    နှစ်ရှည်ပင်ကြီးများအား သပ်ရပ်သာယာလှပနေအောင် ပြုပြင်ထားရန်။
၆။    အမှိုက်သိမ်းဆည်းမှု၊ အမှိုက်စွန့်ပစ်မှုအား စနစ်တကျလုပ်ဆောင်ပြီး မြို့တွင်း၌ အမှိုက်များဖြင့်၊ မြို့များအား ရုပ်ဆိုးစေသောပုံစံများမရှိစေရန်။
၇။    မြို့တွင်းမိလ္လာစနစ်များအား ပြန်လည်သုံးသပ်စစ်ဆေးပြီး စနစ်တကျစွန့်ပစ်နိုင်ရေး ဆောင်ရွက်ရန်။
၈။    စျေးများအတွင်းအပြင် သန့်ရှင်းသာယာစေရန်နှင့် အသား၊ ငါး ရောင်းချသည့်နေရာ များတွင် ယင်များအနံ့အသက်ဆိုးများ မရှိစေရန်။
၉။    လမ်းလယ်ကျွန်းများ၊ လမ်းဘေးများ၊ ပန်းခြံများတွင် (၁၂)ရာသီစလုံး အပွင့်များပွင့်ဖူးနေစေရန်အတွက် ပျိုးခင်းများထူထောင်၍ ရွှေ့ပြောင်းစိုက်ပျိုးသွားရန်။
၁၀။    ပန်းခြံများသာယာလှပစေရေး အမြဲမပြတ်ကြပ်မတ်လုပ်ဆောင်ရန်။
၁၁။    လမ်းဘေး ဝဲ/ယာတွင် ချုံနွယ်များမရှိစေရန် မြက်များရှည်မနေစေရေးအတွက် အမြဲမပြတ်ပြုပြင်ရန်။
၁၂။    မြို့အင်္ဂါနှင့်မညီသောအိမ်များ ပြုပြင်ရေးနှင့် အိမ်ခေါင်မိုးများ ဆေးသုတ်ရေးအတွက် ညွှန်ကြားကြပ်မတ်ရန်။
၁၃။    မြို့အဝင်ဆိုင်းဘုတ်များ၊ လမ်းဆိုင်းဘုတ်များ သပ်ရပ်စွာ ဆောင်ရွက်ထားရန်။
၁၄။    ဆေးရောင်ဟောင်းနွမ်းနေသော အိမ်များနှင့် ဆိုင်းဘုတ်များအား ဆေးအသစ်ထပ်သုတ်ရန်။
၁၅။    မြို့ရေပေးရေးစီမံကိန်းအား စနစ်တကျရေးဆွဲထားရှိ ဆောင်ရွက်ရန်။
၁၆။    မြို့၏ (Main Drainage Plan) ကို စနစ်တကျရေးဆွဲဆောင်ရွက်ရန်။

အခွန်၊ အခ၊ အကောက်များ စည်းကြပ်ကောက်ခံခြင်း
•    စည်ပင်သာယာရေးအဖွဲ့များသည် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ပြီး မိမိတို့နယ်မြေဒေသတို့မှ စည်းကြပ်ကောက်ခံရရှိသည့် အခွန်၊ အခ၊ အကောက်များဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ ၁၉၇၇-၁၉၇၈ ခု ဘဏ္ဍာရေးနှစ်မှစ၍ မိမိဝင်ငွေအပေါ် မိမိရပ်တည်မှုကို ကျင့်သုံးဆောင်ရွက်လျက်ရှိပြီး ဝင်ငွေရရှိရေးအတွက် ဥပဒေ/နည်းဥပဒေများနှင့်အညီ အခွန်၊ အခ၊ အကောက်များကို စည်းကြပ်ပြီး ရသုံးမှန်းခြေရေးဆွဲ၍ အောက်ပါ အခွန်၊ အခ၊ အကောက်များကို စည်းကြပ်ကောက်ခံပါသည်။
•    အခွန်များ
(၁)    အဆောက်အအုံနှင့်မြေခွန်၊
(၂)    လမ်းမီးခွန်၊
(၃)    ရေခွန်၊
(၄)    အမှိုက်နှင့်အညစ်အကြေးခွန်၊
(၅)    ဘီးခွန်၊
(၆)    အမြတ်ခွန်မှ (၅%)နှင့်အညီမျှသော ဝေစု၊
(၇)    ကျေးလက်များမှ ကောက်ခံရရှိသော မြေခွန်၏ (၁၀)ပုံ (၁)ပုံနှင့်အညီမျှသော ခိုင်ကြေး။
•    အခများ
(၁)    စျေးဆိုင်များဌားရမ်းခ၊
(၂)    မြေနှင့်အဆောက်အအုံဌားရမ်းခ၊
(၃)    အပေါင်ဆိုင်၊ ကူးတို့၊ စားသောက်ဆိုင်၊ အန္တရာယ်ရှိစေနိုင်သောလုပ်ငန်းများ၊ သားသတ်လိုင်စင် စသည့်လိုင်စင်ခများ၊
(၄)    ရေခ၊ အဆောက်အအုံစစ်ဆေးခ၊ အမှိုက်၊ မိလ္လာသိမ်းဆည်းပေးခများ။
•    အကောက်များ
(၁)    ဘီးကောက်
(၂)    စျေးကောက် (ပျံကျစျေးကောက်)
(၃)    သားသတ်ကောက်
(၄)    ကူးတို့ကောက်
•    အခြားရငွေများ
(၁)    စီမံခန့်ခွဲရေး ဒဏ်ငွေများ၊
(၂)    စည်ပင်သာယာရေးအဖွဲ့များ ဥပဒေ၊ မော်တော်ယာဉ် ဥပဒေနှင့် အခြားဥပဒေများအရ တရားရုံးမှ တပ်ရိုက်သော ဒဏ်ငွေများ။

 

Office Address and Location Map
Location Map: