Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ၊ ကျန်းမာရေးအထောက်အကူပစ္စည်းများလာရောက်လှူဒါန်း

Fri, 04/10/2020 - 01:07

ထားဝယ် ဧပြီ ၉

          ယနေ့ ၁၇၁၅ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တနင်္သာရီတိုင်းဒေသကြီးသမဝါယမမိသားစု၊ Petro & Trans Group of Co.,Ltd၊ မြန်မာတာဆာကီဝန်ထမ်းမိသားစုတို့မှ အလှူငွေများနှင့် ကျန်းမာရေး အထောက်အကူပစ္စည်းများ လာရောက်လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်  ဝန်ကြီးများက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။