Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ၊ ကျန်းမာရေးအထောက်အကူပစ္စည်းများလာရောက်လှူဒါန်း

Fri, 04/10/2020 - 00:46

ထားဝယ် ဧပြီ ၉

          ယနေ့ ၁၁၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Mytel Tanintharyi Branch၊ Mr.Friday Construction Co.,Ltd၊ Zarni Soe Construction Co.,Ltd၊ ခန့်ခန့်ဝင်းကုမ္ပဏီမှ အလှူငွေများနှင့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများ လာရောက်လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။