Follow Us

စီမံကိန်းရေးဆွဲရေးဦးစီးဌာန

Tue, 10/11/2016 - 16:04

Vertical Tabs

About Topic

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ 
(၁)    နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ နှစ်ရှည်၊ နှစ်လတ်၊ နှစ်စဉ်စီမံကိန်း များ ရေးဆွဲပြုစုတင်ပြရန်။
(၂)    နိုင်ငံတော်နှင့်ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် စျေးကွက် စီးပွားရေးစနစ်နှင့်အညီ ထုတ်လုပ်မှု၊ဝန်ဆောင်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လေ့လာသုံးသပ်တင်ပြ ဆောင်ရွက်ရန်။
(၃)    နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ စီးပွားရေးမြှင့်တင်ရာတွင် အဓိကကျသည့် လူသားအရင်းအဖြစ်ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အခြေအနေ လေ့လာ သုံးသပ်တင်ပြရန်။
(၄)    နိုင်ငံတော်နှင့်ဌာနဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းအသီးသီး၏ စီးပွားရေး လူမှုရေး သတင်းအချက်အလက်များ စာရင်းအင်းများကို စုစည်း၍ မှတ်တမ်း တင် ထိန်းသိမ်းခြင်း၊ နိုင်ငံတော်သို့ စိစစ်သုံးသပ်တင်ပြခြင်းတို့ကို ဆောင်ရွက် ရန်။
(၅)    နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အမျိုးသား အကျိုး စီးပွားကိုအခြေခံ၍ ပြည်ပနိုင်ငံများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ ပေါင်းစည်းရေးအဖွဲ့များနှင့် ပတ်သက်၍ နိုင်ငံတော်၏ကိုယ်စား ဆက်သွယ် ဆောင်ရွက်ရန်။
(၆)    နိုင်ငံတော်နှင့်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းအသီးသီး၏ တိုးတက်မှု အခြေအနေအရပ်ရပ်ကို နိုင်ငံတော်သို့ သုံးသပ်တင်ပြ အစီရင်ခံရေး ဆောင်ရွက်ရန်။
(၇)    ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် အခြားသောဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုန်သည် လုပ်ငန်းရှင်များ၊ ရင်းနှီး မြှုပ်နှံသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်။

 

Office Address and Location Map
Location Map: