Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ၊ ကျန်းမာရေးအထောက်အကူပစ္စည်းများလာရောက်လှူဒါန်း

Fri, 04/10/2020 - 00:37

ထားဝယ် ဧပြီ ၉

          ယနေ့ ၀၈၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဧဒင်အုပ်စုကုမ္ပဏီလီမိတက်နှင့် ညီနောင်ကုမ္ပဏီများဖြစ်သော မြန်မာ့ ရှေ့ဆောင်ဘဏ်၊ Denko Trading Co.,Ltdနှင့် ပဥ္စနကျွန်းသာ(Gold Delta) ကုမ္ပဏီလီမီတက်၊  Tesla Power Engineering Co.,Ltd ၊ Bright Asia Comet Engineering Co.,Ltd၊ Green Bird Co.,Ltd၊ ရွှေပြည်စွမ်းကုမ္ပဏီလီမီတက်၊ ဖြိုးဆက်နိုင်ကုမ္ပဏီလီမီတက်၊ Green and Clean Co.,Ltd ၊ Faithful Partner Engineering Co.,Ltd၊ ဦးကျော်လွင်(ကော့သောင်း) နှင့် ထက်သီရိကုမ္ပဏီ လီမီတက်(ဦးသိန်းလွင်+ဒေါ်ရှုရီ) တို့မှ အလှူငွေများနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများ လာရောက်လှူဒါန်းရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်  ဝန်ကြီးများက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။