Follow Us

တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆန်အိတ်(၅၀၀)အိတ် နှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

Wed, 04/08/2020 - 18:13

ထားဝယ် ဧပြီ ၈

          ယနေ့ နံနက် ၁၀၂၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဧရာဝတီဖောင်ဒေးရှင်းမှ ဆန်အိတ်(၅၀၀)အိတ်ကို လည်းကောင်း၊ IME ဖောင်ဒေးရှင်းမှ ငွေကျပ်(၁၀,၂၃၀,၀၀၀)တန်ဖိုးရှိ PPE Suit ၊ Surgical Mask ၊ Thermometer ၊ VNVN(alcohol spray) ၊ Sodium Hypochloride နှင့် Hand Soap များကိုလည်းကောင်း၊ ဇာတိရွှေမြေကုမ္ပဏီ မှ ငွေကျပ်(၄,၁၀၀,၀၀၀)တန်ဖိုးရှိ Medical Examination Gloves ၊  Surgical Mask ၊ Thermometer နှင့် Safety Eyewear များကိုလည်းကောင်း လာရောက်လှူဒါန်းခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။