Follow Us

ဗဟိုစာရင်းအင်းအဖွဲ့

Tue, 10/11/2016 - 16:00

Vertical Tabs

About Topic

ဗဟိုစာရင်းအင်းအဖွဲ့၏လုပ်ငန်းတာဝန်များ(Mission)
(၁)အသစ်ပြဌာန်းမည့် မြန်မာနိုင်ငံစာရင်းအင်း ဥပဒေနှင့်အညီ အာဏာ သက်ရောက်မှု ကျယ်ပြန့်ထိရောက် လာစေရန်နှင့် အဆိုပါ စာရင်းအင်း ဥကဒေအရ ယုံကြည် ကိုးစားနိုင်သော ခိုင်မာ၍ အရည်အသွေးရှိသော စာရင်းအင်းများကို အချိန်နှင့် တစ်ပြေးညီ စုစည်းကောက်ယူနိုင်ရန် အမျိုးသား စာရင်းအင်းကဏ္ဍဖွံ့ဖြိုးမှု မဟာဗျူဟာ (National Strategy for Development of Statistics – NSDS) ဖော်ဆောင်၍ အကောင်အထည် ဖော်ဆောင်သွားမည့် လုပ်ငန်းများ ကျယ်ပြန့်စွာ တိုးမြှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်
(၂)မြန်မာနိုင်ငံ အမျိုးသား စာရင်းအင်းစနစ်ပေါ်ပေါက် နိုင်စေရေးအတွက် တရားဝင် စာရင်းအင်းများနှင့် သက်ဆိုင်သောနှစ် စဉ်စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့် ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပါဝင် ပါတ်သက်မှုများအား ပေါင်းစပ်ညှိနှိုင်းရန်
(၃)စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသော အခြေခံစည်းမျဉ်း များနှင့် အညီ စာရင်းအင်းဆိုင်ရာ စံနှုန်းများ သတ်မှတ်နိုင်စေရေးနှင့် အဆိုပါ စံနှုန်းများ ကိုက်ညီ စေရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန်
(၄)သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသော စာရင်းအင်းများ ပြုစုရာ တွင် မြန်မာနိုင်ငံ အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်ကြသည့် အစိုးရဌာန၊ အဖွဲ့အစည်း များနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ဆောင်ရွက်ထားသည့် စာရင်းအင်း ဆိုင်ရာ လုပ်ငန်းစဉ် များအား လေ့လာစိစစ် အကဲဖြတ်ရန်
(၅)စာရင်းအင်းရလဒ် များကို မှားယွင်း ဖော်ပြခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့်နည်းပညာ ဆိုင်ရာ အကူအညီ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အချက်အလက်ပြုစုထုတ်ပြန်သူများ၊ စာရင်းအင်းဆိုင်ရာ အချက်အလက်သုံးစွဲသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လိုအပ်သလို ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်
(၆)တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သောလုပ်ငန်း အစီအစဉ်များနှင့် အညီမူလ စာရင်းအင်း အချက်အလက်များ ကောက်ယူခြင်း၊ လူမှုစီးပွား ဆိုင်ရာ စစ်တမ်းများ ကောက်ယူရန် မြန်မာနိုင်ငံ အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်ကြသော အဖွဲ့အစည်း များနှင့် ပေါင်းစပ် ဆောင်ရွက်ရန်
(၇)ဗဟိုစာရင်းအင်းအဖွဲ့သည် စာရင်းအင်း အချက်အလက် မှန်ကန်ရေးနှင့် အရည် အသွေး ပြည့်ဝရေး ကော်မတီ၏ အတွင်းရေးမှူးရုံး(Secretariat) အဖြစ်ဆောင်ရွက်ရန်
(၈)အမျိုးသားစာရင်းအင်းစနစ်၏ တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သော အစီအစဉ်နှင့် စာရင်းအင်း အချက်အလက်များကို ဖြန့်ဝေခြင်း၊ စီမံချက်များ ဖွံ့ဖြိုး တိုးတက်စေခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း တို့ကို လေ့လာစိစစ် ကြီးကြပ်ရန်
(၉)အရည်အသွေးပြည့်ဝ၍ တိကျမှန်ကန်သော စာရင်းအင်းကိန်းဂဏန်း အချက်အလက် များအား ကောက်ယူစုစည်း နိုင်ရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ၊ ခရိုင်များ၊ မြို့နယ်များတွင် ဗဟိုစာရင်းအင်းအဖွဲ့ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ရန်၊ ၎င်းရုံးခွဲများ အကြား စာရင်းအင်း အချက်အလက် ပေးပို့ရန်၊ ကွန်ယက်(Data Communication Network) ချိတ်ဆက် ဆောင်ရွက်ခြင်းနှင့် စုစည်းထိမ်းသိမ်းထားရှိရန်
(၁၀)တရားဝင်စာရင်းအင်းများနှင့် သက်ဆိုင်သည့် စာရင်းအင်း လုပ်ငန်းစဉ် များကို ပြည်ထောင်စုအဆင့်၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရှိ အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်ပါတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်
(၁၁)ဗဟိုစာရင်းအင်းအဖွဲ့က စာရင်းအင်းဆိုင်ရာ အချက်အလက်များကို အီလက်ထရော နစ်စနစ် အချက်အလက် ဝန်ဆောင်မှု စနစ် ထူထောင်ခြင်းနှင့် လျှို့ဝှက် ကိစ္စရပ်မှအပ ထုတ်ပြန်သင့်သည့် စာရင်းအင်းများအား ဖြန့်ဝေရန်၊ တရားဝင် စာရင်းအင်းများနှင့် သက်ဆိုင်သော လုပ်ငန်းအစီအစဉ်၏ စာရင်းအင်း အချက်အလက် ဖြန့်ဝေရန်၊ စီမံချက်နှင့်အညီ စာရင်းအင်း အချက်အလက်များအားလုံးကို သတင်းကဏ္ဍမျိုးစုံမှ တစ်ဆင့် ဖြန့်ဝေခြင်း တို့ကိုဝန်ကြီးဌာနများ၊အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
(၁၂)စာရင်းအင်းများပြုစုရာတွင် စာရင်းအင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အရည်အသွေးကို မြှင့်တင်ရန်သင်ရိုးညွှန်းတမ်းရေးဆွဲ ဆောင်ရွက်ခြင်း၊ စာရင်းအင်းနည်းပညာ ဖွံ့ဖြိုးရေး သင်တန်းများဖွင့်လှစ်ရန်
(၁၃)မြန်မာ့အမျိုးသား စာရင်းအင်းစနစ်တွင် ပါဝင်သော အချက်အလက်များ အား နည်းလမ်းတကျဖြင့် ခွဲခြမ်း စိတ်ဖြာ သုံးသပ်သော ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သုတေ သနများ ဆောင်ရွက်ခြင်း၊ စာရင်းအင်း ထုတ်ပြန်မှု အရည်အသွေးကို အကဲဖြတ်ခြင်း၊ လေ့လာ စိစစ်ခြင်းနှင့် ပြန်လည် သုံးသပ်ခြင်း
(၁၄)စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ခေတ်နှင့် လျော်ညီသည့် လိုအပ်ချက်အပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်
(၁၅)ခေတ်မီ စာရင်းအင်း နည်းပညာများ အသုံးပြုနိုင်ရေး၊ ခေတ်မီ စာရင်းအင်း ဆိုင်ရာ Software  အသုံးချနိုင်ရေးနှင့် စာရင်းအင်းဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းများသို့ ဖြန့်ဝေပေးရန်
(၁၆)မူဝါဒ ချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ သုတေသန ပြုသူများနှင့် အခြားစာရင်း အင်း အသုံးပြုသူများအတွက် စာရင်းအင်းဆိုင်ရာ စာစောင်များ ကိုထုတ်ဝေရန်

Office Address and Location Map
Location Map: