Follow Us

အကောက်ခွန်ဦးစီးဌာန

Tue, 10/11/2016 - 15:35

Vertical Tabs

About Topic

ကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁)    နိုင်ငံတော်အတွင်းသို့ တင်သွင်းလာသော ပစ္စည်းများ၊ နိုင်ငံတော် ပြင်ပသို့ တင်ပို့ သော ပစ္စည်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ပြဌာန်းထားသော ဥပဒေနှင့်အညီ အခွန် အကောက်များ စည်းကြပ်ကောက်ခံခြင်း။
(၂)    တင်သွင်း/တင်ပို့မှုများသည် တည်ဆဲ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းပြဌာန်းချက် များနှင့်အညီ ညီညွတ်မှုရှိ/မရှိ စိစစ်ကြပ်မတ်ခြင်း၊ စုံစမ်းဖော်ထုတ်တားဆီး အရေး ယူခြင်း။
(၃)    တင်သွင်း/တင်ပို့ခြင်းဆိုင်ရာ ကုန်သွယ်မှုကိန်းဂဏန်းများ စာရင်းပြုစုခြင်း။
(၄)    အပြည်ပြည်ဆိုင်ရာ အကောက်ခွန်လုပ်ငန်းများနှင့် ညီညွတ်စေရန် အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ခေတ်မီစေရေး ဆောင်ရွက်ခြင်း။
(၅)    ဥပဒေစိုးမိုးရေးဆောင်ရွက်နေသောအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ခြင်း။
(၆)    ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူဖြစ်စေခြင်း။

 

Office Address and Location Map
Location Map: