Follow Us

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

Tue, 10/11/2016 - 15:04

Vertical Tabs

About Topic

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ
(က)    အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေအရ သတ်မှတ်ထားသော စည်းကမ်းချက် များ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီအသေးစားငွေရေးကြေးရေး အဖွဲ့ အစည်းများမှ လိုက်နာဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း။
(ခ)    ပုဂ္ဂ္ဂလိကအာမခံလုပ်ငန်းများမှ အာမခံလုပ်ငန်းဥပဒေအရ သတ်မှတ်ထားသော စည်း ကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း။
(ဂ)    နိုင်ငံပိုင်ဘဏ်များမှ သတ်မှတ်ထားသော စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း။    
(ဃ)    အောင်ဘာလေထီလုပ်ငန်း အောင်မြင်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆုငွေများမှန်
ကန်စွာ ထုတ်ပေးခြင်း၊ သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူမှုမရှိသော ဆုငွေများ အားနိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ်သိမ်းယူရေးမှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်း၊ သတ်မှတ်ရက် အတွင်း ထီစာအုပ်များအား သက်ဆိုင်ရာမြို့နယ်များသို့ ပေးပို့ခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
(င)    စစ်ဆေးချက်အစီရင်ခံစာများ ပြုစု၍ ရုံးချုပ်သို့ အစီရင်ခံတင်ပြခြင်း။
(စ)    ရုံးချုပ်မှ စစ်ဆေးခံအဖွဲ့အစည်းများသို့ ညွှန်ကြားသည့်ပြုပြင်ရန် ချို့ယွင်းချက်၊ ကန့်ကွက်ချက်များအား လိုက်နာဆောင်ရွက်ရေး ကြီးကြပ်စစ်ဆေးခြင်း။

 

Office Address and Location Map
Location Map: