Follow Us

E-Pension System

Mon, 07/14/2014 - 23:27

၂​၀​၁​၂ ခု​နှစ်၊ သြ​ဂုတ်​လ​မှ စတင်​၍ ပင်စင်​စား​များ​အား ပင်စင် စာအုပ်​အစား Chip  ပါရှိ​သည့် Contactless  Smart Card ကို ထုတ်ပေး​ပြီး အဆို​ပါ Smart  Card ၏ Chip  အတွင်း​၌ ပင်စင် စား​၏ ဓါတ်​ပုံ၊ ထိုး​မြဲ​လက်မှတ်၊ လက်​ဗွေ၊ မှတ်ပုံတင်​အမှတ်၊ နောက်ဆုံး ပင်စင် ထုတ်ယူ​ခဲ့​သည့် ရက်စွဲ​နှင့် ငွေ​ပမာဏ၊ အငြိမ်းစား ယူခဲ့​သည့် ရာထူး​နှင့် ဌာန၊ နေ​ရပ်​လိပ်စာ စ​သည့် အချက် အလက် များ​အား မှတ်တမ်း​တင် သိမ်းဆည်း ထား​သည့် စနစ် ဖြစ်​ပါ​သည်။ပင်စင်​စား​မှ ဘဏ်​လုပ်​ငန်း​ချိန် အတွင်း ဘဏ်​သို့ လာ​ရောက်​၍ ပင်စင်​ကောင်​တာ​ရှိ Contactless  Card Reader ၌ မိမိ​၏ Smart  Card ကို တင်ပြ​ရုံ​ဖြင့် ဘဏ်​၏ ကွန်ပျူတာ​ရှိ e- Pension  Program တွင် ထည့်​သွင်း​ထား​သည့် ပင်စင်​စား​၏ အချက် အလက်​များ​နှင့် Smart  Card မှ အချက် အလက်​များ​အား Program  မှ တိုက်ဆိုင် စစ်ဆေး​ပြီး ပင်စင် ထုတ်ပေး​ရ​မည့် လ​များ​နှင့် ထုတ်ပေး ရ​သည့် ငွေ​ပမာဏ အပါအဝင် ပင်စင်​စား​နှင့် ပတ်သက်​သည့် အချက် အလက်​များ​ကို ကွန်ပျူတာ ဖန်​သား​ပြင်​၌ ဖော်​ပြ ပေး​မည် ဖြစ်​ပြီး ကောင်​တာ​ရှိ Web  Camera မှ ပင်စင် လာ​ရောက် ထုတ်ယူ​သည့် ပင်စင်​စား (သို့) ကိုယ်စားလှယ်​အား ဓါတ်​ပုံ မှတ်တမ်း​တင်​၍ ကွန်ပျူတာ ဖန်​သား​ပြင်​တွင် ဖော်​ပြ ပေး​ပါ​သည်။တာဝန်​ခံ အရာရှိ​မှ အချက် အလက်​များ စိစစ်​၍ မှန်ကန်​မှု ရှိ​ပါ​က Slip  Printer မှ Slip  ၂ စုံ​ကို Printout   ပြုလုပ်​၍ အဆို​ပါ Slip  ပေါ်​တွင် ပင်စင်​စား​၏ လက်မှတ် ရေး​ထိုး​စေ​ပြီး ငွေ​သား ထုတ်ပေး​ကာ Slip  တစ်​စောင်​အား ဘဏ်​လက်ခံ အဖြစ်​ထား ရှိ​ပြီး ကျန် Slip  တစ်​စောင်​အား ပင်စင်​စား​သို့ ပေး​အပ်​ပါ​သည်။

ဝန်​ဆောင်​မှု ရ​ယူ​ရန် ယူဆောင် လာ​ရ​မည့် စာ​ရွက်​စာ​တမ်း​များ
ပင်စင် ​စား ကိုယ်တိုင်​ဖြစ်​ပါ​က e- Pension  Card၊ ကိုယ်စားလှယ် ဖြစ်​ပါ​က e- Pension  Card၊ ကိုယ်စားလှယ် လွှဲ​စာ၊ ကိုယ်စားလှယ်​၏ မှတ်ပုံတင်
ကာယကံ​ရှင် ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် လွှဲ​နိုင်​ခြင်း ရှိ/ မ​ရှိ 
ကာယကံ ​ရှင် ကိုယ်တိုင် လာ​ရောက် ဆောင်ရွက်​နိုင်​ခြင်း မ​ရှိ​ပါ​က အမှတ်​စဉ် ၅ ပါ အထောက် အထား​များ နှင့်​အတူ ကိုယ်စားလှယ် စေလွှတ် နိုင်​ပါ​သည်။
ရုံး​ဖွင်.ချိန်
နံနက် (၉:၃​၀) မှ ညနေ(၁​၅:၀​၀)နာရီ​ထိ (အစိုးရ​ရုံး​ဖွင့်​ရက်​များ)

ရုံး​တည်​နေရာ​များ
မြန်မာ​နိုင်ငံ တစ်​ဝှမ်း​လုံး နောက်ဆက်တွဲ​ပါ ဘဏ်​ခွဲ​ပေါင်း ၂​၉​၅ ဘဏ်​၌ ဝန်​ဆောင်​မှု ပေး​လျက် ရှိ​ပါ​သည်။