Follow Us

မြန်မာ့စီးပွားရေးဘဏ်

Tue, 10/11/2016 - 14:54

Vertical Tabs

About Topic

မြန်မာ့စီးပွားရေးဘဏ်၏ လုပ်ငန်းတာဝန်များ
(၁) ငွေစုအပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ၊ စာရင်းရှင်အပ်ငွေနှင့် ငွေစုလက်မှတ်အပ်ငွေများ လက်ခံခြင်း။
(၂) အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများသို့ ချေးငွေများ ထုတ်ချေးခြင်း။
(၃) စီမံကိန်းများနှင့် စက်မှုလုပ်ငန်းများသို့ နှစ်ရှည်ချေးငွေများထုတ်ချေးခြင်း။
(၄) ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်း။
(၅) မလေးရှားနိုင်ငံရှိ (May Bank) နှင့်ပူးပေါင်း၍ ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်း။
(၆) နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခြင်း။
(၇) တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနို်င်ငံတို့ပူးပေါင်း၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လျင်မြန်ချောမွေ့စေရန် ဆောင်ရွက်ပေးခြင်း။
(၈) လုံခြုံမှုအပ်နှံပစ္စည်းများအား လက်ခံဆောင်ရွက်ပေးခြင်း။
(၉) ဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများအတွက် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေစာရင်းများ ထိန်းသိမ်းပေးခြင်း။
(၁၀) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကိုယ်စားလှယ်အဖြစ် တစ်နိုင်ငံလုံးရှိ ငွေကြေးသေတ္တာများ ထိန်းသိမ်းပေးခြင်း။
(၁၁) ပင်စင်ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။
(၁၂) မြန်မာ့စိုက်ပျိုးရေးဘဏ်၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးဘဏ်များသို့ ချေးငွေများထုတ်ချေး ပေးခြင်း။
(၁၃) နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်းများသို့ ချေးငွေများထုတ်ချေးပေးခြင်း။
(၁၄) နိုင်ငံ့ဝန်ထမ်းများ ဘဏ်လုပ်ငန်းများဆောင်ရွက်ပေးခြင်း။
(၁၅) ဘဏ်အာမခံပေးခြင်း လုပ်ငန်းများနှင့် အခြားငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
(၁၆) MEB e-Transfer Service
(၁၇) QuickCash Online System
(၁၈) Online Phone Billing System
(၁၉) ATM Networt

 

Office Address and Location Map
Location Map: