Follow Us

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

Tue, 10/11/2016 - 14:44

Vertical Tabs

About Topic

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနဦးစီးဌာနလုပ်ငန်းတာဝန်များ

(၁) အလုပ်ချိန်၊ နားချိန်၊ အချိန်ပိုနာရီ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အပတ်စဉ်နားရက်၊ လုပ်ခလစာ၊ အချိန်ပိုလုပ်ခ အစရှိသည့် ဥပဒေပါ အကျိုးခံစားခွင့်များ အပြည့်အဝရရှိစေရန် စစ်ဆေးစည်းကြပ်ခြင်း၊
(၂) ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့် လုပ်ငန်းခွင် အခြေအနေများ တိုင်းတာအကဲဖြတ်၍ ညွှန်ကြားခြင်း၊ အကြံပေးခြင်း၊
(၃) ညွှန်ကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေကို ပြန်လည်စစ်ဆေးခြင်း၊
(၄) တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော ဥပဒေများနှင့်အကျုံးဝင်သက်ဆိုင်သည့် တိုင်ကြားချက်များ လက်ခံရရှိပါက စစ်ဆေး အရေးယူဆောင်ရွက်ခြင်း၊
(၅) လုပ်ငန်းခွင်မတော်တဆထိခိုက်မှု၊ လုပ်ငန်းခွင်ဆိုင်ရာ ရောဂါရရှိမှု တို့ကိုစုံစမ်းစစ်ဆေး၍ နောင်အလားတူ ထပ်မံမဖြစ်ပွား စေရေး လိုက်နာဆောင်ရွက်ရန်ညွှန်ကြားခြင်း၊
(၆) စက်ရုံ၊ အလုပ်ရုံများမှ အချိန်ပိုလုပ်ကိုင်ခွင့် တောင်းခံခြင်းများကို တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စီစစ်ခွင့်ပြုခြင်း၊
(၇) ခွင့်ပြုအချိန်ပို အမိန့်နှင့်အညီ လုပ်ကိုင်ခြင်းရှိ/မရှိ အခါအားလျော်စွာနှင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း၊
(၈) အလုပ်သမားရေးရာ ဥပဒေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်သက်သာချောင်ချိရေးအတွက် အသိပညာပေးဆွေးနွေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊
(၉) အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ယက် အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၁၀) လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်း၍ လိုအပ်သည့်နည်းပညာ အကူအညီပေးခြင်း၊
(၁၁) ကလေးအလုပ်သမားစာရင်း ကောက်ယူခြင်းနှင့်ကလေးအလုပ်သမားများအား စောင်ကြည့်လေ့လာခြင်း၊
(၁၂) အန္တရာယ်ရှိသောလုပ်ငန်းနှင့် လုပ်ငန်းခွင်များတွင် အသက်(၁၈)နှစ် မပြည့်သေးသော ကလေးအလုပ်သမား ခိုင်းစေမှုများ မရှိစေရန် သို့မဟုတ် သင့်လျော်သော နည်းလမ်းဖြင့် ဆောင်ရွက်ရန် အကြံပြုညွှန်ကြားခြင်း၊
(၁၃) မေးမြန်းလာသည့် ဥပဒေရေးရာ ကိစ္စရပ်များနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဖြေကြားခြင်း၊
(၁၄) တာဝန်ယူ ဆောင်ရွက်ရသည့် ဥပဒေပါပြဋ္ဌာန်းချက်များကို ချိုးဖောက်ပါက တရားစွဲဆိုခြင်းနှင့် လိုအပ်ပါက ကော်လိတ္တော်အရာရှိ၊ အခွန်အရာရှိအဖြစ် ဆောင်ရွက်ခြင်း၊
(၁၅) ဥပဒေအသစ်ရေးဆွဲခြင်း၊ ပြဋ္ဌာန်းပြီးဥပဒေများ ပြင်ဆင်းခြင်း၊ ဖြည့်စွက်ခြင်း၊ နည်းဥပဒေများရေးဆွဲရာတွင် အကြံပြုဆွေးနွေးခြင်း၊
(၁၆) အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း။

Office Address and Location Map
Location Map: