Follow Us

ကုန်တင်ကုန်ချကော်မတီရုံး

Tue, 10/11/2016 - 14:23

Vertical Tabs

About Topic

ဦးစီးဌာန၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ
   တိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီရုံးအနေဖြင့် ယခင်ဗဟိုပြည်တွင်း ကုန်တင်ကုန်ချကော်မတီရုံးမှ ချမှတ်ထားသော အောက်ဖော်ပြပါရည်မှန်းချက်(၅)ရပ်နှင့် ကုန်တင် ကုန်ချလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြဌာန်းထားသော တနင်္သာရီတိုင်းဒေသကြီးကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ ၊ နည်းဥပဒေ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(၁) ကုန်တင်ကုန်ချလုပ်ငန်းများ မှန်ကန်မြန်ဆန်စေရေး
(၂) အလုပ်သမားများ၏ လူအင်အားကိုစနစ်တကျအကျိုးရှိစွာ အသုံးချရေး
(၃) လုပ်အားနှင့်အညီ လုပ်ခအပြည့်အဝ မှန်ကန်စွာရရှိရေး
(၄) အလုပ်သမားများ၏ သက်သာချောင်ချိရေးအကျိုးခံစားခွင့်များရရှိရေး
(၅) အလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်ရေး
    တနင်္သာရီတိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီရုံး၏ လုပ်ငန်းတာဝန်များမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချမှတ်ပေးထားသော မူဝါဒများအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မူဝါဒအဖြစ် ကျင့်သုံးသင့်သောအချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍ လမ်းညွှန်မှုခံယူခြင်း၊ တိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီ(ယာယီ)၏ ညွှန်ကြားချက် များနှင့် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးများသို့ ဌာနဆိုင်ရာငွေစာရင်းကိစ္စရပ်များအား စိစစ်ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက် လျက်ရှိပါသည်။

Office Address and Location Map
Location Map: