Follow Us

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

Tue, 10/11/2016 - 14:06

Vertical Tabs

About Topic

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏လုပ်ငန်း/အကြောင်းအရာအလိုက်ဆောင်ရွက် လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများ
    လုပ်ငန်း/အကြောင်းအရာအလိုက်ဆောင်ရွက်လျှက်ရှိသည့် လုပ်ထုံးလုပ်နည်းများ

(က)    အလုပ်သမား၊ လူဝင်မှှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်အောက်ခံဌာနဖြစ်သော အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် (တိုင်းဒေသကြီးရုံး)(၁)ရုံးနှင့် လက်အောက်ခံမြို့နယ်ရုံး(၁)ရုံး၊မြိတ်မြို့တွင်မြို့နယ်ရုံး(၁)ရုံး၊ ကေ့ာသောင်း မြို့တွင်မြို့နယ်ရုံး(၁)ရုံး၊ စုစုပေါင်း(၄)ရုံး ဖွင့်လှစ်ထားရှိပါသည်။
(ခ)    အလုပ်သမား၊ လူဝင်မှှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အဓိကတာဝန်ကြီး(၄)ရပ်ဖြစ်သည့်
                                          (၁)    အလုပ်သမားရပိုင်ခွင့်များဆောင်ကြဉ်းပေးရေး
                                          (၂)    လူမှုအခွင့်အရေးများဆောင်ကြဉ်းပေးရေး
                                          (၃)    ကုန်ထုတ်စွမး်အားတိုးတက်ရေး
                                          (၄)    အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များဆောင်ရွက်ရေးစသည့်အဓိကတာဝန်ကြီးများကိုအလုပ်သမားညွှန်ကြားရေးဦးစီးဌာန သည်  ရည်မှန်းချက်( ၆ )ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိပါသည်။၄င်းတို့မှာ - 
                 (၁)    လုပ်ငန်းခွင်အေးချမ်းသာယာရေး
                 (၂)    အလုပ်အကိုင်နေရာချထားရေး(ပြည်တွင်း/ပြည်ပ)
                 (၃)    အလုပ်သမားများလုပ်ငန်းခွင်ကျွမ်းကျင်မှှုလေ့ကျင့်ရေး
                 (၄)    အလုပ်သမားဥပဒေပါခံစားခွင့်များအတွက် ဆောင်ရွက်ပေးရေး
                 (၅)    အလုပ်သမားရေးရာ သုတေသနနှင့် စာရင်းဇယားများစုဆောင်းပြုစု ရေး
                 (၆)    အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာ ကိစ္စရပ် များတွင်ပူးပေါင်းဆောင်ရွက်ရေး တို့ဖြစ်ပါသည်။
    (ဂ)    အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန် ဝတ္တရားများမှာ -
        (၁)    အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှှုဖျန်ဖြေခြင်း
        (၂)    လျော်ကြေးခံစားခွင့်များဆောင်ရွက်ပေးခြင်း
        (၃)    အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်း
        (၄)    လုပ်ငန်းခွင် စည်းကမ်းစိစစ်ခြင်း (အလုပ်ခန့်ထားမှှုဆိုင်ရာသဘော တူညီချက်စာချုပ်ချုပ်ဆိုခြင်း)
        (၅)    ပြည်တွင်း ၌  အလုပ်အကိုင် ရှာဖွေသူများ အား မှတ်ပုံတင်ခြင်း နှင့် အလုပ်အကိုင်ရရှိရေးအတွက်စီစဉ်ပေးခြင်း
        (၆)    ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်ခြင်း
        (၇)    လုပ်ငန်းခွင်ကျွမ်းကျင်မှှုလေ့ကျင့်သင်ကြားပေးခြင်း
        (၈)    အလုပ်သမားဥပဒေများညှိနှှိုင်းစိစစ်ခြင်း
        (၉)    အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာကိစ္စရပ်များဆောင်ရွက်ခြင်း
        (၁၀)    အလုပ်သမားရေးရာသုတေသနလုပ်ငန်းပြုလုပ်ခြင်း
        (၁၁)    အလုပ်သမားရေးရာစာရင်းအင်းများပြုစုခြင်းတို့ဖြစ်ပါသည်။

Office Address and Location Map
Location Map: