Follow Us

စားသုံးသူရေးရာဦးစီးဌာန

Tue, 10/11/2016 - 13:56

Vertical Tabs

About Topic

စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
(၁) စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ မူဝါဒများချမှတ် ဆောင်ရွက်ရာတွင် ပြည် ထောင်စုအစိုးရအဖွဲ့သို့ အကြံဉာဏ်များ၊ ထောက်ခံချက်နှင့် ပံ့ပိုးမှုများဆောင် ရွက်ပေးရန်။
(၂) ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး အတွက် ကွင်းဆင်းလေ့လာဆောင်ရွက်ရန်။
(၃) အစိုးရမဟုတ်သော စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာအဖွဲ့များဖွဲ့စည်းဆောင် ရွက်နိုင်ရေးနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားပေးဆောင်ရွက်ရန်။
(၄) စားသုံးသူအကျိုးစီးပွားအတွက် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် သတင်းဖြန့် ဝေခြင်းနှင့် စားသုံးသူတို့၏ သဘောထားရယူရန်။
(၅) စားသုံးသူထံမှဖြစ်စေ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများထံမှဖြစ်စေ စားသုံးသူအကာအကွယ်ပေးရေးနှင့် စပ်လျဉ်း သည့် တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးရန်။
(၆) စားသုံးသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်းပြီး စစ်တမ်းများကောက်ယူ၍ သုတေ သနပြုခြင်းနှင့် ယင်းသုတေသနများကို ပြန်လည်သုံးသပ်၍ စားသုံးသူများ၏အကျိုး အတွက် လိုအပ်သလိုဆောင်ရွက်ပေးရန်။
(၇) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ရန်။
(၈) ဘေးဥပဒ်အန္တရာယ်ရှိသော စားသုံးရန်မသင့်သည့် ကုန်စည်နှင့်စပ်လျဉ်း၍ တားမြစ် နိုင်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများသို့ အကြောင်းကြားရန်။
(၉) ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုစံချိန်စံညွန်းကျွမ်းကျင်မှုအဖွဲ့များနှင့် ဓာတ်ခွဲခန်းများ ကို လိုအပ်ပါကသတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းပေးနိုင်ရန်သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်။
(၁၀) စားသုံးသူအကျိုးစီးပွားကို ကာကွယ်ရန်နှင့် ယင်းတို့၏အရေးကိစ္စများကို ထိရောက် စွာ ဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များကို ပညာပေးရန်။
(၁၁) စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့က ချမှတ်သော စီမံခန့်ခွဲရေးပြစ်ဒဏ််အပေါ် အယူခံမှုကို အဆုံးအဖြတ်ပေးရန်။
(၁၂) တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းပြီးဖြစ်သည့် အစိုးရမဟုတ်သော စားသုံးသူအကာအ ကွယ်ပေးရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်။
(၁၃) စီးပွားဖြစ်ကုန်ထုတ်လုုပ်မှုကဏ္ဍအသီးသီး စျေးကွက်ယှဉ်ပြိုင်ဝင်ရောက်နိုင်စွမ်းရှိ အောင် အရည်အသွေးစံချိန်စံညွန်းမြှင့်တင်ခြင်းကို ထုတ်လုပ်သူများ၊ ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း မြှင့်တင်ပညာပေးဆောင်ရွက်ရန်။
(၁၄) ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၌ ဒေသထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ထုတ်လုပ်ရောင်းချနေခြင်းအစား ကုန်ချောအဖြစ်ရောင်းချနိုင်ရန် အသေးစား၊ အလတ်စား (SME) စက်မှုကုန်ထုတ်လုပ်ငန်များ ပိုမိုရင်းနှီးမြှုပ်နှံ ဆောင်ရွက်လာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်လာရေးကြိုးပမ်းဆောင်ရွက်ရန်။

Office Address and Location Map
Location Map: