Follow Us

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး

Tue, 10/11/2016 - 13:48

Vertical Tabs

About Topic

ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း/လုပ်ထုံးလုပ်နည်းများ
    လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် ရေဆိပ်၊ လေဆိပ်၊ နယ်စပ်ဝင်/ထွက်ပေါက်များမှ နိုင်ငံခြားသားများ ဝင်ရောက်ထွက်ခွာမှုများအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်လျှက်ရှိခြင်း၊ နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် ဗီဇာစည်းကမ်းနှင့်အညီ နေထိုင်နိုင်ရေးအတွက် နိုင်ငံခြားသားထိန်းသိမ်းခြင်းနှင့် ဗီဇာ စည်းကမ်း ဖောက်ဖျက်သူများအား အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိခြင်း၊ မြန်မာနိုင်ငံအတွင်း ဗီဇာအမျိုးအစားအလိုက် နေခွင့်ထပ်မံတိုးမြှင့် နေထိုင်လိုပါက ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိခြင်း၊ နိုင်ငံခြားသားများ ဝင်ရောက်မှု လွယ်ကူစေရေးအတွက် eVisa စနစ်၊ Visa On Arrival (VOA) စနစ်တို့ဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျစိစစ်ပြီး ဗီဇာထုတ်ပေးခြင်း PR (Permanent Residence System) လျှောက်ထားသူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များနှင့်အညီ စိစစ်ခွင့်ပြုပေးခြင်းတို့အား ဆောင်ရွက်လျှက်ရှိပြီး၊ မြန်မာနိုင်ငံတွင် အသုံးပြု လျှက်ရှိသော ပြည်ဝင်ဗီဇာ၊ ပြည်ပြန်ဝင်ဗီဇာ၊ eVisa ၊ (VOA) ထုတ်ပေးမှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ပြည်ဝင်ဗီဇာ
     စဉ်    ဗီဇာအမျိုးအစား                              နေခွင့်            ဗီဇာကြေး
     (၁)    သံတမန်/သံအဖွဲ့ဝင်ဗီဇာ                    တာဝန်            အခမဲ့
             (Gratis Diplomatic/Official Courtesy Visa) ထမ်းဆောင်ချိန်
     (၂)    ကမ္ဘာလှည့်ဗီဇာ                               ၂၈ ရက်         ၂၀ US$
             (Tourist Visa)
     (၃)    လုပ်ငန်းဗီဇာ                                  ၇၀ ရက်          ၃၆ US$
             (Business Visa)
     (၄)    လူမှုရေးဗီဇာ                                  ၂၈ ရက်          ၃၆ US$
             (Social Visa)
     (၅)    သာသနာရေးဗီဇာ                            ၇၀ ရက်          ၃၆ US$
             (Religious Visa) 
    (၆)     ဖြတ်သန်းဗီဇာ                               ၂၄ နာရီ          ၁၈ US$
             (Transit Visa)
    (၇)    နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ         ၂၈ ရက်          ၂၀ US$
             (Official Visa)
    (၈)    အလုပ်သမားဗီဇာ                            ၇၀ ရက်          ၃၆ US$
             (Employment Visa)
    (၉)    ပညာရေးဗီဇာ                                ၇၀ ရက်          ၃၆ US$
             (Education Visa)
    (၁၀)   စာနယ်ဇင်း/မီဒီယာဗီဇာ                  ၂၈ ရက်          ၃၆ US$
              (Journalist Visa) 
    (၁၁)   ယာဉ်အမှုထမ်းဗီဇာ                       ၂၈ ရက်          ၃၆ US$
              (Crew Visa)
    (၁၂)   အလုပ်ရုံ/ဆွေးနွေးပွဲ/အစည်းအဝေး    ၂၈ ရက်          ၃၆ US$
              သုတေသနဗီဇာ (Workshop/ Seminar/ Meeting/ Research Visa)

(ခ) ပြည်ပြန်ဝင်ဗီဇာ
    စဉ်    ဗီဇာအမျိုးအစား                              နေခွင့်              ဗီဇာကြေး
    (၁)   အကြိမ်ကြိမ်အထူးပြည်ပြန်ဝင်ခွင့်ဗီဇာ    ခွင့်ပြုနေခွင့်        ၁၈၀ US$
           (Mutiple Journey Special Re-entry Visa) ကာလအတွင်း
    (၂)    အထူးပြည်ပြန်ဝင်ခွင့်ဗီဇာ(သို့မဟုတ်)    ခွင့်ပြုနေခွင့်        ၅၄ US$
             တစ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ             ကာလအတွင်း
             (Special Re-entry Visa)
    (၃)    ပြည်ပြန်ဝင်ခွင့်ဗီဇာ                         ပြည်ပနေခွင့်       ၅၀၀ ကျပ်
             (Re-entry Visa)    (၆)လ
    
(ဂ) ဆိုက်ရောက်ဗီဇာ
     စဉ်    ဗီဇာအမျိုးအစား                             နေခွင့်             ဗီဇာကြေး
     (၁)    Business Visa                            ၇၀ ရက်           ၃၆ US$
     (၂)    Entry Visa                                 ၂၈ ရက်           ၄၀ US$
            ခွင့်ပြုနိုင်ငံ(၅၁)နိုင်ငံဖြစ်ပါသည်။

(ဃ) e-Visa 
     စဉ်    ဗီဇာအမျိုးအစား                              နေခွင့်         ဗီဇာကြေး
     (၁)    Tourist Visa (၁-၉-၂၀၁၄ စတင်)     ၂၈ ရက်        ၅၀ US$
              ခွင့်ပြုနိုင်ငံ(၁၀၀)နိုင်ငံဖြစ်ပါသည်။
     (၂)    Business Visa (၁-၇-၂၀၁၅ စတင်)    ၇၀    ရက်    ၇၀ US$
              ခွင့်ပြုနိုင်ငံ(၅၁)နိုင်ငံဖြစ်ပါသည်။

(င) ဝင်ရောက်ခွင့်ပြုသည့် လေဆိပ်နှင့် နယ်စပ်ဝင်/ထွက်ပေါက်များ
    (၁) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (၁-၉-၂၀၁၄ စတင်ခွင့်ပြု)
    (၂) မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (၁-၉-၂၀၁၄ စတင်ခွင့်ပြု)
    (၃) နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (၁-၉-၂၀၁၄ စတင်ခွင့်ပြု)
    (၄) မြဝတီအပြည်ပြည်ဆိုင်ရာ (၁-၉-၂၀၁၆ စတင်ခွင့်ပြု)
         နယ်စပ်ဝင်/ထွက်စခန်း
    (၅) တာချီလိတ်အပြည်ပြည်ဆိုင်ရာ (၁-၉-၂၀၁၆ စတင်ခွင့်ပြု)
         နယ်စပ်ဝင်/ထွက်စခန်း
    (၆) ကော့သောင်းအပြည်ပြည်ဆိုင်ရာ (၁-၉-၂၀၁၆ စတင်ခွင့်ပြု)
         နယ်စပ်ဝင်/ထွက်စခန်း
(စ) နယ်စပ်စခန်းများ
   (၁) ထီးခီးနယ်စပ်စခန်း(ထားဝယ်မြို့) (၁၁-၅-၂၀၁၃ စတင်ဖွင့်လှစ်)
         အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် (၂၈-၈-၂၀၁၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
   (၂) မောတောင်နယ်စပ်စခန်း(မြိတ်မြို့) (၈-၅-၂၀၁၃ စတင်ဖွင့်လှစ်)
   (၃) ကော့သောင်းနယ်စပ်စခန်း(ကော့သောင်းမြို့) (၁၆-၅-၁၉၉၇ စတင်ဖွင့်လှစ်)
  အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်အဖြစ် (၂၈-၈-၂၀၁၃) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်း၊ လုပ်ထုံးလုပ်နည်းများ
      အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနသည်အသက် (၁၀)နှစ်/(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုလက်မှတ်၊ အမျိုးသား မှတ်ပုံတင်ကတ်၊ NVC ကတ် ထုတ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီး၍ လဲလှယ်/မိတ္တူထုတ်ပေး ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ပြောင်းဝင်/ပြောင်းထွက်၊ မွေးတိုး/သေဆုံး ပယ်ဖျက်ခြင်း လုပ်ငန်းမျာအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်များနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး အောက်ဖော်ပြပါ လက်မှတ်အမျိုးအစား များအား ထုတ်ပေးလျှက်ရှိပါသည် -
(က) နိုင်ငံသားလက်မှတ်
(ခ ) နိုင်ငံသားစိစစ်ရေးကတ်ပြား
(ဂ ) ဧည့်နိုင်ငံသားလက်မှတ်/စိစစ်ရေးကတ်ပြား
(ဃ) နိုင်ငံသားပြုခွင့်လက်မှတ်/စိစစ်ရေးကတ်ပြား
(င ) အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား
(စ ) NVC လက်မှတ်
(ဆ) သာသနာဝင်/သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား

အိမ်ထောင်စုဦးရေစာရင်းအတွက် သတိပြုလိုက်နာရမည့် အချက်များ
(က) မိမိလက်ဝယ်ရှိ အိမ်ထောင်စုလူဦးရေစာရင်းတွင် မိမိသဘောဆန္ဒဖြင့် တရား မဝင်ပြင်ခြင်း၊ ဖျက်ခြင်း၊ ရေးသွင်းခြင်းမပြုလုပ်ရ။
(ခ ) မိမိသဘောဆန္ဒအလျှောက် လူဦးရေတိုးခြင်း၊ လျော့ခြင်း မပြုလုပ်ရ။
(ဂ ) ကလေးမွေးဖွားလျှင် မိမိသဘောဖြင့် တရားမဝင် ကလေးအမည် ထည့်သွင်း ခြင်း မပြုလုပ်ရ။
(ဃ) မိမိအိမ်ထောင်စုမှတစ်ဦးတစ်ယောက်သေဆုံးခဲ့သော် မိမိသဘောအလျှောက် တရားမဝင် ပယ်ဖျက်ခြင်း မပြုလုပ်ရ။
(င ) ဖော်ပြပါအချက်များ ပြင်ဆင်၊ ဖြည့်စွက်လိုပါက သက်ဆိုင်ရာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးသို့ အိမ်ထောင်ဦးစီး ကိုယ်တိုင်လာရောက်လျှောက်ထားရမည်။
(စ) အိမ်ထောင်စုလူဦးရေစာရင်းအား လိပ်စာတစ်ခုထက်ပို၍ ရယူကိုင်ဆောင် ထားကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်။

အိမ်ထောင်စုလူဦးရေစာရင်းအတွက် ပါရှိရမည့် အထောက်အထားများ
(က) အိမ်ထောင်စုအလိုက် ပြောင်းဝင်ခြင်း
     (၁) အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ အိမ်ထောင်ဦးစီး ကိုယ်တိုင် မလာရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် အိမ်ထောင်စုဝင်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာ မှန်ကန် ကြောင်းကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။
     (၂) အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
     (၃) နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။
     (၄) ဝင်ရောက်နေထိုင်လိုသည့် လိပ်စာမှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
     (၅) ပြောင်းဝင်မည့်အိမ်ခန်း (သို့မဟုတ်) အိမ်အားပိုင်ဆိုင်သည့် အထောက် အထား မူရင်း/မိတ္တူ ပါရှိရမည်။ ပိုင်ဆိုင်သည့်အထောက်အထား မပြနိုင်ပါက လိပ်စာပါ နေရာတွင် မည်သည့်အခြေအနေဖြင့် နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

(ခ ) အိမ်ထောင်စုအလိုက် ပြောင်းထွက်ခြင်း
    (၁) အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင် ဦးစီးသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာ မှန်ကန် ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ပါရှိရမည်။
    (၂) အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
    (၃) ပြောင်းထွက်မည့်သူများ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ် လက်ခံမူရင်း/မိတ္တူ ပါရှိရမည်။
    (၄) ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

(ဂ ) အိမ်ထောင်စုလူဦးရေတိုးခြင်း
    (၁) ကာယကံရှင် ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက် ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ် ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲ စာမှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ပါရှိရမည်။ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
    (၂) ကာယကံရှင်၏ လျှောက်လွှာပါရှိရမည်။
    (၃) နောက်ဆုံးနေထိုင်သော မြို့နယ်မှပြောင်းရွှေ့လာသည့် ပုံစံ(၁၀)ပါရှိ ရမည်။
    (၄) လက်ခံမည့် အိမ်ထောင်ဦးစီး၏ သဘောတူဝန်ခံချက် ပါရှိရမည်။
    (၅) အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း /မိတ္တူ ပါရှိရမည်။
    (၆) ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

(ဃ) အိမ်ထောင်စုလူဦးရေ လျှော့ခြင်း
    (၁) ကာယကံရှင်ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက် ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသောအကြောင်း ပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ် ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။ ၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ် လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
    (၂) အိမ်ထောင်ဦးစီး၏ သဘောတူဝန်ခံချက် ပါရှိရမည်။
    (၃) လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေ စာရင်း အိမ်လက်ခံမူရင်း/မိတ္တူ ပါရှိရမည်။
    (၄) ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။

(င) မွေးဖွားသူအမည်စာရင်း တိုးခြင်း
   (၁) အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင် ဦးစီးသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စား လှယ်လွှဲစာမှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
   (၂) အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
   (၃) မိဘနှစ်ပါး၏အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်း၊ မိတ္တူ ပါရှိရမည်။
   (၄) မိဘနှစ်ပါးအိမ်ထောင်စုလူဦးရေစာရင်း သီးခြားတစ်ခုစီရှိပါက လူဦးရေ တိုးမည့် မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း၊ မိတ္တူ နှင့် လူဦးရေစာရင်း တိုးရန်မလိုသည့် မိဘ၏အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူပါရှိရမည်။
   (၅) ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
   (၆) မွေးဖွားကြောင်း ပုံစံထွေ-၁(က) (သို့မဟုတ်) မွေးစာရင်းလက်မှတ် မူရင်း နှင့် မိတ္တူ ပါရှိရမည်။

(စ) သေဆုံးသူအမည်စာရင်း ပယ်ဖျက်ခြင်း
   (၁) အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင် ဦးစီးသည် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စား လှယ်လွှဲစာမှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
   (၂) သေဆုံးကြောင်း ပုံစံထွေ-၂(က) (သို့မဟုတ်) သေဆုံးကြောင်းလက်မှတ် မူရင်း၊ မိတ္တူ ပါရှိရမည်။
   (၃) တိုင်ကြားသူနှင့် သေဆုံးသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ် လက်ခံ မူရင်း၊ မိတ္တူ ပါရှိရမည်။
   (၄) သေဆုံးသူသည် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

(ဆ) သီးခြားအိမ်ထောင်စုခွဲထွက်ခြင်း
   (၁) ကာယကံရှင်ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက် ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသောအကြောင်း ပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စုဝင်ထဲမှ အသက်(၁၈)နှစ် ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။ ကိုယ်စားလှယ်လွှဲစာမှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲ စာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။ ၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသောအကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ် လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
   (၂) အိုးခွဲ၊ အခန်းခွဲ၊ ခေါင်ခွဲ၊ စီးပွားခွဲ စသည့် ခွဲ(၄)ခွဲနှင့် ညီညွတ်ရမည်။
   (၃) အိမ်ထောင်ဦးစီး၏ သဘောတူ ဝန်ခံချက်ပါရှိရမည်။
   (၄) လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေ စာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူပါရှိရမည်။
   (၅) ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့်အချက်များ
(က) မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် တရားမဝင် ပြင်ခြင်း၊ ဖျက်ခြင်း၊ ရေးသွင်းခြင်း မပြုလုပ်ရ။ 
(ခ ) မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် ဓါတ်ပုံပျက်စီး/ မထင်မရှားဖြစ်ပါက မိမိသဘောဖြင့် ဓါတ်ပုံလဲလှယ်ခြင်း၊ ကပ်ခြင်း မပြုလုပ်ရ။
(ဂ ) မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား အခြားသူတစ်ဦး ထံသို့ လွှဲပြောင်းကိုင်ဆောင်ခြင်း မပြုလုပ်ရ။
(ဃ) အခြားသူတစ်ဦးတစ်ယောက်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအား ကောက်ရ/ တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးသို့ သွားရောက်အပ်နှံရမည်။
(င ) မိမိနေအိမ်မှ မြို့နယ်ကျော်ခရီးသွားလျှင် မိမိ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားအား တစ်ပါတည်းယူဆောင်သွားရမည်။
(စ ) မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးလျှင် နီးစပ်ရာ ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးသို့ မိတ္တူထုတ်ပေးခွင့်ကို ကိုယ်တိုင် လျှောက်ထား ရမည်။
(ဆ) လူတစ်ဦးတစ်ယောက်တည်း နံပါတ်တစ်ခုထက်ပို၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားကိုင်ဆောင်ထားကြောင်း တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် ပါရှိရမည့် အထောက်အထားများ
(က) အသက်(၁၀)နှစ်ပြည့် (သို့မဟုတ်) (၁၈)နှစ်ပြည့် လျှောက်ထားခြင်း
    (၁) အသက်(၁၀)နှစ်ပြည့်လျှောက်ထားခြင်းဖြစ်လျှင် ကာယကံရှင်နှင့်အတူ မိဘ (သို့မဟုတ်) အုပ်ထိန်းသူမှ လာရောက်ရမည်။ အသက်(၁၈) နှစ်ပြည့် လျှောက်ထားခြင်းဖြစ်ပါက ကာယကံရှင်ကိုယ်တိုင် လာရောက် ရမည်။
    (၂) လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်း နှင့် မိတ္တူတစ်စောင် ပါရှိရမည်။ 
    (၃) မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာ ပါရှိရမည်။
    (၄) အသက်အတွက် ကျောင်းထောက်ခံချက် (သို့မဟုတ်) မွေးစာရင်းမူရင်း နှင့်မိတ္တူ ပါရှိရမည်။
    (၅) မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်းနှင့်မိတ္တူ ပါရှိရမည်။
(၆) ကာယကံရှင်၏ သွေးစစ်လက်မှတ် မူရင်း ပါရှိရမည်။
(၇) ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
(၈) (၀.၈ လက်မ x ၀.၈ လက်)အရွယ် ဓါတ်ပုံ(၄)ပုံ (မျက်မှန်မပါ) ပါရှိရမည်။
(ခ) အသက်(၁၀)နှစ်မှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်လျှောက်ထားခြင်း
(၁) ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။
(၂) အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ(၁)စောင် ပါရှိရမည်။
(၃) ကာယကံရှင် ယခင်ကိုင်ဆောင်ခဲ့သော အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်းပါရှိရမည်။
(၄) မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်းနှင့်မိတ္တူ ပါရှိရမည်။
(၅) ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
(၆) (၀.၈ လက်မ x ၀.၈ လက်)အရွယ် ဓါတ်ပုံ(၄)ပုံ (မျက်မှန်မပါ) ပါရှိရမည်။
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား (ပျောက်ဆုံး/ပျက်စီး)မိတ္တူ လျှောက်ထားခြင်း
(၁) ကာယကံရှင်၏ ဝန်ခံချက်နှင့် ကိုယ်တိုင်လာရောက်လျှောက်ထားရမည်။
(၂) မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီးသော ရှေ့ပြေးလျှောက်လွှာ ပါရှိရမည်။
(၃) ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးရန် လျှောက်လွှာ (ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်း နေထိုင်ကြောင်းသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၏ထောက်ခံချက်နှင့် အမှန်တကယ်ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက် ပါရှိသော) ပုံစံထွေ-၄ ပါရှိရမည်။
(၄) လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်းနှင့်မိတ္တူ(၁)စောင် ပါရှိရမည်။
(၅) မိဘ(၂)ပါး ကိုင်ဆောင်ထားသော လက်မှတ် မူရင်းနှင့်မိတ္တူ ပါရှိရမည်။
(၆) ပျက်စီးပါက ပျက်စီးသည့် ကတ်ပြားမူရင်းနံပါတ် ပါရှိရမည်။
(၇) (၀.၈ လက်မ x ၀.၈ လက်)အရွယ် ဓါတ်ပုံ(၄)ပုံ (မျက်မှန်မပါ) ပါရှိရမည်။

သွေးနှောများ ပုံစံ(၁၀)ပြောင်းဝင်/ပြောင်းထွက်ခြင်း
     သွေးနှောများ ပုံစံ(၁၀)ပြောင်းဝင်/ပြောင်းထွက်ခြင်းအား သက်ဆိုင်ရာမြို့နယ်၊ ခရိုင် မှတဆင့် တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ တင်ပြလာသော ပုံစံ(၁၀)ပြောင်းဝင်/ပြောင်းထွက် ခြင်းများအား ဥပဒေလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက် ပေးလျှက်ရှိပါသည်။

သွေးနှောများအား နိုင်ငံသားဆောင်ရွက်ပေးမှု
    သွေးနှောများအား အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ကိုင်ဆောင် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ၎င်းတို့၏ မိဘ(၂)ပါးနှင့် အဘိုးအဘွား (၄)ဦးတို့၏ ကိုင်ဆောင်ထားသည့် ကိုင်ဆောင်လက်မှတ်များအား မည်သည့်အထောက် အထားများအရ ထုတ်ပေးခဲ့သည်ကို ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၁၁(က)(ခ)(ဂ)(ဃ) နှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေများနှင့် စိစစ်ပြီး ဥပဒေနှင့်အညီ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးဆောင်ရွက်လျှက်ရှိပါသည်။

ဧည့်နိုင်ငံသား ဆောင်ရွက်ပေးမှု
      ဧည့်နိုင်ငံသားလက်မှတ်များအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၂၃) (၂၅)(၂၆)(၂၇) များနှင့် ကိုက်ညီသူများအား ဧည့်နိုင်ငံသားလက်မှတ် ဆောင်ရွက် ပေးလျှက် ရှိပါသည်။
(က) ပုဒ်မ (၂၃) ။ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားဖြစ်ရန် လျှောက်ထားသူများသည် သတ်မှတ်ချက် များနှင့်အညီ အရည်အချင်းကိုက်ညီပါက ဧည့်နိုင်ငံသားဖြစ် ဗဟိုအဖွဲ့က သတ်မှတ်နိုင်သည်။
(ခ ) ပုဒ်မ (၂၄) ။ ဧည့်နိုင်ငံသားဗဟိုအဖွဲ့က သတ်မှတ်သူသည် (အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)၏ သတ်မှတ် သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏သစ္စာကို ခံယူကြောင်း၊ နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော တာဝန်နှင့်အခွင့်အရေးများကို သိရှိကြောင်း စာဖြင့် ရေးသား၍ ကတိသစ္စာပြုရမည်။
(ဂ ) ပုဒ်မ (၂၅) ။ ဧည့်နိုင်ငံသားလက်မှတ်တွင် လျှောက်လွှာ၌ ဖော်ပြထား သော သားသမီး၏ အမည်ကို ဗဟိုအဖွဲ့က ထည့်သွင်းနိုင်သည်၊ အမည်ထည့် သွင်းပေးခြင်းခံရသော သားသမီးသည် ဧည့်နိုင်ငံသားဖြစ်သည်။
(ဃ) ပုဒ်မ (၂၆) ။ ပုဒ်မ(၂၅)အရ အမည်ထည့်သွင်းပေးခြင်းခံရသော သား သမီး သည် အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ(၂၄)ပါ အတိုင်း ကတိသစ္စာပြုရမည်။
(င) ပုဒ်မ (၂၇) ။ ပုဒ်မ(၂၅)အရ အမည်ထည့်သွင်းပေးခြင်းခံရသော သား သမီးသည် အသက်(၁၈)နှစ်မပြည့်သေးပါက အသက်ပြည့်သည့်နေမှစ၍ တစ်နှစ်အတွင်း (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)၏ သတ်မှတ်သောအဖွဲ့အစည်းရှေ့တွင် ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ(၂၄)ပါ အတိုင်း ကတိသစ္စာပြုရမည်။

နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း ဆောင်ရွက်ပေးမှု
     နိုင်ငံသားပြုခွင့်လက်မှတ်များအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၄၁)၊ ပုဒ်မ(၄၃)၊ ပုဒ်မ(၄၅) နှင့် ကိုက်ညီသူများအား နိုင်ငံသားပြုခွင့်ရသူအဖြစ် ဆောင်ရွက်ပေး လျှက်ရှိပါသည်။
(က) ပုဒ်မ (၄၂) ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ လ ၄ ရက်နေ့ မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထား နိုင်ပါသည်။
(ခ ) ပုဒ်မ (၄၃) ။ ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော်ပြင်ပ၌ဖြစ်စေမွေးဖွားသည့် အောက်ပါသူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည် -
    (၁) နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ
    (၂) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ
    (၃) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ
    (၄) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ
    (၅) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ
(ဂ) ပုဒ်မ (၄၅) ။ နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့် နေ့မတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည် နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားလျှင် အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည် -
    (၁) အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း။
    (၂) အကျင့်စာရိတ္တကောင်းမွန်ခြင်း။
    (၃) ရူးသွပ်သူ မဟုတ်ခြင်း။
    (၄) တစ်လင်တစ်မယားဖြစ်ခြင်း။
    (၅) တရားဝင်ဇနီး (သို့မဟုတ်) တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်းဆုံး သုံးနှစ်အဆက်မပြတ် နေထိုင်ခဲ့ခြင်း။

Office Address and Location Map
Location Map: