Follow Us

ရွှေလရောင်လင်းလင်းကုမ္ပဏီမှ မောတောင်မြို့တွင် အဆင့်မြင့်ဈေးဝယ်စင်တာနှင့် နိုင်ငံတကာ အဆင့်မီ ဟိုတယ်စီမံကိန်းတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုခြင်းကိစ္စနှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပ

Tue, 01/28/2020 - 23:20

ထားဝယ် ဇန်နဝါရီ ၂၈

          ယနေ့ ၁၄၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ရွှေလရောင်လင်းလင်းကုမ္ပဏီမှ မောတောင်မြို့တွင် အဆင့်မြင့်ဈေးဝယ်စင်တာနှင့် နိုင်ငံတကာ အဆင့်မီ ဟိုတယ်စီမံကိန်းတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုခြင်းကိစ္စနှင့်စပ်လျဉ်း၍ လာရောက်ရှင်းလင်းတင်ပြသည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရွှေလရောင်လင်းလင်းကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

           ရှေးဦးစွာ ရွှေလရောင်လင်းလင်းကုမ္ပဏီ တာဝန်ရှိသူ က အဆင့်မြင့်ဈေးဝယ်စင်တာနှင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်စီမံကိန်းတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကို ၁၆၀၀ နာရီအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။