Follow Us

ဆလုံတိုင်းရင်းသားများ၏ ဒေသတစ်ခုလုံးရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒရေးဆွဲရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

Tue, 01/28/2020 - 23:11

ထားဝယ် ဇန်နဝါရီ ၂၈

          ယနေ့ ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည့် ဆလုံတိုင်းရင်းသားများ၏ ဒေသတစ်ခုလုံး  ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒရေးဆွဲရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ က  အဖွင့် အမှာစကားပြောကြားရာ ဆလုံဒေသတစ်ခုလုံး ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်ကဆွေးနွေးခဲ့သော အကြောင်းအရာများအပေါ်အခြေခံ၍ ကောင်းမွန် ပြည့်စုံသော မူဝါဒတစ်ရပ်ပေါ်ထွန်းလာရေးအတွက် ဝိုင်းဝန်းဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

          ထို့နောက် တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များမှ မူဝါဒချမှတ်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ပါသည်။ ချမှတ်ထားသောမူဝါဒ(မူကြမ်း)အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တင်ပြလမ်းညွှန်မှုခံယူနိုင်ရေး ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ၁၁၃၀ နာရီ အချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။