Follow Us

အနုပညာကို ချစ်မြတ်နိုးသော ဒေသခံများမှ ပထမအကြိမ်ကျင်းပပြုလုပ်မည့် “သုခုမကြယ်စင်” ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်း၊ ရုပ်ရှင်သရုပ်ဆောင်ပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲများအတွက် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ထောက်ပံ့ငွေ ပေးအပ်

Tue, 01/28/2020 - 20:32

ထားဝယ် ဇန်နဝါရီ ၂၈

          ယနေ့ နံနက် ၁၁၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်း၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ အနုပညာကို ချစ်မြတ်နိုး သော ဒေသခံများမှ ပထမအကြိမ်ကျင်းပပြုလုပ်မည့် “သုခုမကြယ်စင်” ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်း၊ ရုပ်ရှင်သရုပ်ဆောင်ပြိုင်ပွဲနှင့် မြို့အလှဓာတ်ပုံပြိုင်ပွဲများအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ငွေကျပ်သိန်း (၃၀) အား ထောက်ပံ့ပေးခဲ့ပါသည်။