Follow Us

တနင်္သာရီတိုင်းဒေသကြီးအထွေထေွအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) ကျင်းပပြုလုပ်

Tue, 01/28/2020 - 00:54

ထားဝယ် ဇန်နဝါရီ ၂၇

          ယနေ့ ၁၅၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ(ဒါဘာ) ကျင်းပပြုလုပ်ခဲ့ရာ  တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တနင်္သာရီတိုင်း‌‌ဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား(၁၄၂)ဦး တက်ရောက်ခဲ့ပါသည်။

          ဆန္ဒထုတ်ဖော်ပွဲတွင် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော် က အဖွင့်အမှာစကားပြောကြားရာ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ဝတ်စုံများ ဝတ်ဆင်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာ၍ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦးထုပ်ကို မဖြစ်မနေဆောင်းရန် လိုအပ်ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲတွင် ဝန်ထမ်းများ၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း  ပြောကြားခဲ့ပါသည်။

          ထို့နောက် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သူ က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။
          ယင်းနောက် ညွှန်ကြားရေးမှူးများက လုပ်ငန်းတာဝန်များဆောင်ရွက်မှုနှင့်ပတ်သက်၍ လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့်ဝန်ထမ်းများက ဆွေးနွေး တင်ပြချက်များအပေါ် ဆောင်ရွက်ပေးမည့်အခြေအနေများအား တာဝန်ရှိသူများမှ ပြန်လည် ဖြေကြားပေးခဲ့ပါသည်။

          ဆက်လက်၍ ဆိုင်ကယ်ဦးထုပ်(၁၀)လုံးကို ဝန်ထမ်းများအား မဲဖောက်ပေးပြီး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ဆန္ဒထုတ်ဖော်ပွဲကို ၁၅၃၀ နာရီ အချိန်တွင် ရုပ်သိမ်းခဲ့‌ကြောင်း သတင်းရရှိပါသည်။