Follow Us

တနင်္သာရီတိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကော့သောင်းမြို့ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လမ်းညွှန်မှာကြား

Tue, 10/11/2016 - 13:12

ကော့သောင်း အောက်တိုဘာ ၁၀ ရက်
    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာလ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။
    ရှေ့ဦးစွာ ဝန်ကြီးချုပ်သည် ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီ ခန်းမတွင် ကော့သောင်းမြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံရာ နိုင်ငံရေရှည်အကျိုး စီးပွားတိုးတက်ရေး၊ မိမိဒေသအနာဂါတ်ကာလ ကောင်းမွန်သည့်ပတ်ဝန်းကျင်နှင့် သားစဉ်မြေး ဆက်ကောင်းမွေများလက်ဆင့်ကမ်းနိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ခရိုင်နှင့်မြို့နယ်များ တစ်ပြေး ညီဖွံ့ဖြိုးတိုးတက်လာရေး အခြေခံကျသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး လမ်းညွှန်မှာကြားပြီး  ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
    ယင်းနောက် ဝန်ကြီးချုပ်သည် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး လက်ရှိ နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့်အခြေအနေများနှင့်စပ်လျဉ်း၍ နယ်စပ်ဒေသဖြစ်သည့် အားလျော် စွာ မိမိဒေသလုံခြုံရေးသတိအစဉ်ရှိစွာ ညစဉ်လှည့်ကင်းများ တိုးမြှင့်ဆောင်ရွက်ကြရေး၊ ဒေသ စီးပွားရေးပြန်လည်ဦးမော့လာရေး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ရေလုပ်ငန်းကဏ္ဍများ ဦးစားပေးဆောင်ရွက်ကြရေး၊ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား ထည့်ဆောင်ရွက်ကြ ရေး၊ ဝန်ထမ်းများအနေဖြင့် အဂတိတရားကင်းရှင်းစွာ တာဝန်ထမ်းရွက်ကြ ရေးလမ်းညွှန်မှာကြား ပြီး ဌာနဆိုင်ရာများ၏တင်ပြချက်များအပေါ် တာဝန်ရှိအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားသည်။ဆက်လက်၍ ဝန်ကြီးချုပ်မှ မြို့နယ်အတွင်းသန့်ရှင်း သာယာလှပရေး လုပ်ငန်းများတွင် အသုံးပြုရန် ဒေသခံဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း (Grand Andaman Hotel) ပိုင်ရှင် ဦးကျော်လွင် လှူဒါန်းပေးအပ်သည့် အမှိုက်သယ်ယာဉ်နှစ်စီးအား ကြည့်ရှုစစ်ဆေး သည်။
    ဆက်လက်၍ ဝန်ကြီးချုပ်သည် ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး အခြေခံပညာကျောင်း များအလိုက် သင်ကြားမှုစနစ်ဆိုင်ရာကိစ္စများ၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေး ဆောင်ရွက်ရမည့် လုပ်ငန်းပိုင်းများ၊ ဆရာ/ဆရာမများ စားဝတ်နေမှုအဆင်ပြေလွယ်ကူစေရန် ပံ့ပိုးပေးမှုဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းလိုအပ်ချက်များ၊ ဒေသတာဝန်ရှိအဖွဲ့အစည်းများ၊ ကျောင်းသားမိဘများမှ ဖြည့်ဆည်းပံ့ပိုးပေးရန်လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဖြည့်ဆည်းပေးသည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကတာဝန် တစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးတာဝန်အား ဖမ်းဆီး ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဒေသအတွင်းထိရောက်စွာကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရေး၊ ပြည်သူများအနေဖြင့် ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အကျယ် တဝင့် ဆွေးနွေးပြောကြားခဲ့သည်။ထိုနောက် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့၏ မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှုအခြေအနေ၊ မှုခင်းကျဆင်းရေးဆောင်ရွက်နေမှု အခြေအနေ၊ ကျောင်းသားလူငယ်များနှင့် ပြည်သူများအကြား အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ ဒေသအတွင်းမူးယစ် ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းအလိုက် တားဆီးနှိမ်နင်းမှုလုပ်ငန်းစဉ်များ၊ မူးယစ်ဆေးစွဲသူ များအား ဆေးဖြတ်ကုသမှုလုပ်ငန်းဆောင်ရွက်ပေးမှုအခြေနေများ၊ မူးယစ်ဆေးဝါးကင်းစင် နယ်မြေ များ ဖြစ်ပေါ်လာရေးဆောင်ရွက်မည့်အစီအမံများအား တာဝန်ရှိအဖွဲ့အစည်းများ၏ တင်ပြချက်များ အပေါ် ဝန်ကြီးချုပ်မှ ပေါင်းစပ်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။