Follow Us

မြန်မာ့သစ်လုပ်ငန်း

Tue, 10/11/2016 - 10:13

Vertical Tabs

About Topic

မြန်မာ့သစ်လုပ်ငန်း၏ လုပ်ငန်းတာဝန်များ

(၁) ကျွန်း၊ သစ်မာများကို နှစ်စဉ်တောထွက် ခွင့်ပြုပမာဏအတွင်း စိစစ်ထုတ်လုပ်ပြီး ဒေသအလိုက် သတ်မှတ်သစ်ဆိပ်များသို့ သယ်ယူပို့ဆောင်မည်၊
(၂) သစ်ထုတ်လုပ်မှုလုပ်ငန်းစဉ်အလိုက် လုပ်နည်းစနစ်များကို ပြန်လည်စိစစ်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲသွားမည်၊
(၃) နိုင်ငံတော်အရေးကြီးစီမံကိန်းများနှင့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ သစ်ခွဲသားဖြည့်ဆည်းရန် နိုင်ငံပိုင်သစ်စက် (၇)စက်ကို ဌာနအစီအစဉ်ဖြင့် လည်ပတ်မည်၊
(၄) ကျွန်း၊ သစ်မာကုန်ကြမ်းများကို အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချပေးပြီး သစ်ခွဲသားနှင့် တန်ဖိုးမြှင့် သစ်အချောထည်များထုတ်လုပ်စေ၍ ပြည်တွင်းလိုအပ်ချက်ဖြည့်ဆည်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်းများကို ပုဂ္ဂလိကဏ္ဍမှ တဆင့်ဆောင်ရွက်မည်၊
(၅) နိုင်ငံပိုင်သစ်စက်(၃၂)စက်နှင့် သစ်အခြေခံစက်ရုံ(၁၆)ရုံတို့ကို ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်၊
(၆) သစ်ထုတ်/သစ်တိုက်နှင့် ဌာနယာဉ်/ယန္တရားများ၊ သစ်စက်များ မွမ်းမံပြင်ဆင်မည်၊
(၇) ဌာနဆင်များ ထိန်းသိမ်းစောင့်ရှောက်ရန် ဆင်ဆေးဝါးများဝယ်ယူခြင်း၊ ဆင်ထိန်းသိမ်းရေးစခန်းတည်ဆောက်ခြင်း၊ ဆင်စာစိုက်ပျိုးခြင်း၊ ဆင်ဦးစီးသင်တန်းပို့ချခြင်းနှင့် ဆင်ဦးစီးများအား တူညီဝတ်စုံထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်မည်၊
(၈) သစ်မဟုတ်သော အခြားသစ်တောထွက်ပစ္စည်းဖြစ်သော ကြိမ်နှင့်ဝါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအကူအညီရယူ၍ ဆောင်ရွက်မည်။

ဦးစီးဌာန၏ လုပ်ငန်း/အကြောင်းအရာအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ထုံး လုပ်နည်းများ

၁။    ပြည်ထောင်စုဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် နှစ်စဉ် နှစ်တို နှစ်ရှည် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
၂။    တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံပိုင်၊ ဌာနပိုင်သစ်တောသစ်စိုက်ခင်းများ၊ သစ်နှင့်သစ်တောထွက်ပစ္စည်းများထုတ်လုပ်ခြင်း၊ သယ်ယူရွေ့ပြောင်းခြင်း၊ သိုလှောင်ခြင်း၊ လွှဲပြောင်းခြင်း၊ သစ်နှင့်သစ်တောထွက်ပစ္စည်းထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ပြည်တွင်း၊ ပြည်ပဖြန့်ဖြူးတင်ပို့ရောင်းချခြင်း
၃။    ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး မြန်မာ့သစ်လုပ်ငန်းမှ သစ်ထုတ်ခြင်းကို ရပ်နားထားခြင်း
၄။    နိုင်ငံတော်အတွက် အရေးကြီးစီမံကိန်းနှင့် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများသို့ သစ်ခွဲသားဖြန့်ဖြူးရန်အတွက် နိုင်ငံပိုင် သစ်စက်(၇)စက်ဖြင့် ခွဲစိပ်ဆောင်ရွက် လျက်ရှိခြင်း
၅။    ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမြှင့်သစ်အချောထည်များထုတ်လုပ်ရန် သစ်လိုအပ်ချက်အား အိတ်ဖွင့်လေလံတင်ရောင်းချ လျက်ရှိခြင်း
၆။    ဒေသခံပြည်သူများအတွက် ဒေသမှထုတ်လုပ်ထွက်ရှိလာသောသစ်များကို ဒေသတွင်းသုံးစွဲရန် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိခြင်း 

Office Address and Location Map
Location Map: