Follow Us

တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၆/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Sat, 12/14/2019 - 02:02

ထားဝယ် ဒီဇင်ဘာ ၁၃

          ယနေ့ ၁၀၀၀ နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၆/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့် အမှာစကားပြောကြားရာ နိုင်ငံတော်သမ္မတက  သိမ်းဆည်းမြေနှင့်ပတ်သက်၍ ယခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားရေး လမ်းညွှန်မှာကြားထားပါကြောင်းနှင့် တိုင်းဒေသကြီးအနေဖြင့်လည်း အပြီးသတ် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သိမ်းဆည်းမြေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများ တစ်ခုနှင့်တစ်ခု ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်းနှင့် တက်ရောက် လာကြသော ကော်မတီဝင်များ၊  ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြား ခဲ့ပါသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူး ဦးမြင့်သိန်းက လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု ဆိုင်ရာကိစ္စရပ်နှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်အပေါ် ရှင်းလင်းတင်ပြကာ တက်ရောက်လာသော ကော်မတီဝင်များ အသီးသီးဆွေးနွေးခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ၁၃၁၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။